Season- 2, Part- 3

10.8K 342 31
                                        

အတွဲ ၂၊ အခန်း ၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

အိမ်ရှိဧည့်ခန်းတွင် ​ကာတွန်းကားကို မိသားစုလိုက် ဝိုင်းကြည့်ကြရင်းဖြင့် ညအချိန်ကို ကုန်ဆုံးကြရန်စီစဉ်ထားကြပါသည်။ နွေရာသီဖြစ်သည်ကြောင့် ညအချိန်မှာတောင် အပြင်တွင်အတော်လေးပူပါသည်။ အိမ်ထဲတွင်တော့ aircon တပ်ထားသည်ကြောင့် အေးပြီး နေရအဆင်ပြေလှသည်။

ဖေဖေဟာ အလယ်တွင်ထိုင်ပြီး လက်နှစ်ဖက်ကိုဆန့်ပေးထား၍ မေမေနှင့်ပုံ့ပုံ့ဟာ ဖေဖေ့လက်မောင်းတစ်ဖက်ဆီကိုမှီပြီး TV ကြည့်ကြသည်။

"သမီး..."

"ရှင့်"

"သမီးကိုဖေဖေ မေးမယ်နော်..."

"ဟုတ်.."

"သမီးမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် မလိုချင်ဘူးလား..."

"အာ့..."

မေးခွန်းအဆုံးတွင် ဘေးတွင်ထိုင်နေသော ညီမဟာ ဗိုက်ကျောလှမ်းလိမ်ဆွဲလေသည်။

"နာတယ်ညီမရဲ့...အဟင်း...အစ်ကိုက စတာကို"

ညီမအနားသို့ ဘုန်းစေကပ်ပြောလိုက်တော့ မျက်စောင်းလေးရွယ်သည့်ညီမက နှုတ်ခမ်းလေးပါ ဆူ​ထားလေသည်။

"မသိဘူး ပေါက်ကရပြောရင်တော့ လုပ်မှာပဲ...ဟွန်း...သတိထားနေနော်အစ်ကို အခန်းထဲ ဝင်မအိပ်ချင်ဘူး​လားပြော"

"အယ်...ဒါတော့မလုပ်နဲ့လေ​ကွာနော်...ညီမ မကြိုက်ရင်နောက်မပြောတော့ဘူးစိတ်ချ"

နောက်ဆုံးမျက်စောင်းတစ်ချက်ထပ်ထိုးလိုက်ပြီး ပမာ TV ဆက်ကြည့်သည်။

ပုံ့ပုံ့ကိုမေးတုန်းကမေးပြီး မေမေနှင့်ဖေဖေဟာ သူတို့ဘာသာပဲ တိုးတိုးလေးတွေပြော​နေကြသည်ကြောင့် ပုံ့ပုံ့ခေါင်းစောင်းကြည့်ပြီး ငြိမ်ပေးရ၏။

"ဖေဖေ့..."

"ဝေ့..."

"မီးပုံ့ဖြေလို့ရပြီလား..."

"ဟေ..."

"မီးပုံ့ကိုမေးပြီး မေမေ့အနားပဲကပ်ပြောနေလို့လေ ပြီးပြီးလားအဲ့တာ မီးပုံ့ဖြေရတော့မှာလား.."

သမီးစကားကြောင့် ပမာ့မှာ အနည်းငယ်တောင်ရှက်သွားရသည်။ ဟုတ်သားပဲ အစောက သမီးရှိ​တာကိုမေ့သွားတာပဲ။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя