အတွဲ ၃၊ အခန်း ၅
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ကိုထွန်းဒီနေ့ ဘယ်သွားမလဲဗျ"
"မသွားပါဘူးကွာ...အိမ်မှာပဲ ချစ်တူမနဲ့နေမှာ"
"တစ်ရက်တစ်လေ ဆိုင်ပိတ်တာပဲကိုထွန်းရာ သွားချင်တဲ့နေရာလျှောက်သွားပေါ့ သွားရင်းလာရင်း ချစ်သူလေးလဲ ရှာလို့ရတာပဲကို...ကိုထွန်းအသက်ဆိုလဲမငယ်တော့ဘူး ဆေးပေးမီယူလေးဘာလေး အနားခေါ်ထားသင့်ပြီဗျ..."
ဘုန်းစေ စကားအဆုံးတွင် မီးဖိုချောင်မှညီမဟာ ချာခနဲလှမ်းကြည့်လေသည်။
"တော်စမ်းပါကွာ ငါ့မှာ ညီမရော တူမရောရှိတယ် ကျန်တဲ့အပူရှာစရာကိုမလိုဘူး"
"ဟာ...ဒါဆို ညီမနဲ့သမီးက ကိုထွန်းအတွက်အပူပေါ့..."
"ဟေ့ကောင်..."
"ကိုကို"
ခါးထောက်၍ ကြည့်လာသော ရွယ်လေးအကြည့်ကြောင့် ထွန်းအောင်ကျော် ပြာယာခက်သွားရသည်။ ယောက်ဖဆိုတဲ့ကောင် အချွန်နဲ့ မ ပြီပဲ။
"မဟုတ်ဘူး...ကိုကိုပြောတာအဲ့လိုမဟုတ်ဘူးရွယ်လေးရ ကိုကိုက မိန်းမယူလိုက်ရင် အပူတွေရောက်လာမှာလို့ပြောတာ အခုက ကိုကိုဘဝလေးက အေးချမ်းနေတာလေ အဲ့လိုသဘောနဲ့ပြောတာ... ညီမလေးနဲ့တူမလေးကို အပူလို့ပြောတာမဟုတ်ပါဘူးကွာ..."
"မီးပုံ့က အပူပေါ့....ဟမ်...မီးပုံ့ကို မချစ်ဘူးပေါ့..."
"ဟာ....ပြဿနာတော့ကြီးပြီကွာ"
အိမ်တံခါးဝတွင် ခါးထောက်ရပ်နေသော သမီးကြောင့် ဘုန်းစေရော ကိုထွန်းရောပါ ပြေးပေါက်ရှာနေပြီဖြစ်သည်။ ဘယ်အချိန်က ဒီငလက်မလေး ရောက်လာတာလဲဗျာ။
"မေမေဟင်းအိုးတည်စရာရှိသေးလို့ ဒီကိစ္စသမီးနဲ့ လွှဲခဲ့မယ် အဆင်ပြေတယ်မလားသမီး"
"အိုခီ မေမေ....မီးပုံ့တာဝန်ထား..."
မျက်စိတစ်ဖက်မှိတ်ပြသွားသည့်သမီးက သူ့ဦးဦးရှေ့သို့သွားပြီး ခါးထောက်ရပ်တော့သည်။
"အပူဆိုတာ မကောင်းဘူးတဲ့မေမေပြောဖူးတယ်...မီးပုံ့တို့က အပူဆိုတော့ မကောင်းဘူးလို့ပြောတာ မဟုတ်လားဖေဖေ"
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
