အခန်း - ၁၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
အင်္ကျီကို ညနေလောက်မှ သွားဝယ်ဖို့စီစဉ်ထား၍ တော်သေးသည်။ ဘာ့ကြောင့်ဆို မိုးရွာနေ၍ပင်ဖြစ်၏။ မိုးတွင်းဖြစ်သည့်အလျှောက် အုံးမှိုင်းညို့ပြီး မိုးသဲကြီးမဲကြီးရွာချတတ်ပေမယ့်လဲ မိုးစဲသွားလျှင် တဖန်ကြည်လင်လာတတ်သည်။ ဤနေ့တွင်လဲ ထိုအတိုင်းပဲဖြစ်လောက်မည်။
မိုးရွာတော့ တံခါးပိတ်ပြီး ပုံ့ပုံ့အိပ်သည်။ မေမေက မှာထားသည်။ အိပ်တော့မည်ဆို တံခါးတွေအကုန်ပိတ်ပြီး အိပ်ရမယ်တဲ့။ အိမ်ပေါ်လူတတ်မှာဆိုးလို့ဟု ပြောထားသည်ကြောင့် ပုံ့ပုံ့တံခါးတွေသေချာပိတ်ပြီး စောင်ခြုံ၍ အိပ်တော့သည်။
"မိိုးအေးတော့အိပ်ငိုက်တယ် ဝှား.... ဒီအချိန်ဆို မေမေလဲ အိပ်ချင်နေမှာပဲ..."
မေမေ့အကြောင်းတွေးရင်းဖြင့် ပုံ့ပုံ့အိပ်ပျော်သွားတော့၏။
ညနေ ၃ နာရီတွင်တော့ တစ်ဖက်အိမ်သို့ ဘုန်းစေလာခဲ့ရ၏။ အင်္ကျီသွားဝယ်မည်ဟုပြောထားပြီး မိုးတိတ်လျှင် အိမ်လာခဲ့ပါဟုမှာထားသော်လည်း ငလက်မက ပေါ်မလာပေ။
"ဒီကလေး မေ့များမေ့နေတာလား....ငလက်မ ဟေ့ကောင် ငလက်မ..."
အော်ခေါ်သည့်အခါ တစ်ဖက်မှ ပြန်မထူးပေ။
"အိမ်လည်ရင်းများ သွားဆော့နေသလား...ဖိနပ်လဲရှိပါတယ် ဟေ့ကောင်...ဟေ့..."
"ငလက်မ...ပုံ့ပုံ့....ပုံ့ပုံ့...."
"ဗျို့...ဟုတ်ပါဘူး...ရှင့်"
"ပြန်ထူးသေးတာပဲဟ...မင်းခေါ်ရတာလဲ မောလိုက်တာကွာ အိမ်ထဲရှိရင်လဲ တံခါးဖွင့်အုံးကွ..."
"ဟုတ် လာပြီ...."
တံခါးဖွင့်ပေးသည့်အခါ ငုံ့ကြည့်မိတော့ အိပ်ချင်မူးတူးမျက်နှာနှင့်အတူ ဆံပင်ထိုးထိုးထောင်ထောင်ကိုပါ တွေ့လိုက်ရသည်။
"အိပ်နေတာလား"
"ဟုတ် မိုးအေးလို့အိပ်လိုက်တာ မီးပုံ့ကခဏလေးအိပ်မယ်ဆိုပြီး ချက်ချင်းမနိူးလာဘူး"
"အင်္ကျီသွားဝယ်မလို့လာခေါ်တာ မိုးတိတ်တာလဲကြာနေပြီ သွားဝယ်ရအောင်လို့"
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
