Season - 3, Part - 1

6.3K 221 10
                                        

တတိယတွဲ၊ အခန်း ၁။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"သမီးဘာတွေလုပ်နေတာလဲ"

"ပိုက်ဆံတွေရေပေးနေတာမေမေ ဒီခြင်းထဲမှာ ပိုက်ဆံတွေ ပြည့်နေပြီ မီးပုံ့မရေရင် အများကြီးအောက်ပြုတ်ကျတော့မှာ"

"အမလေးတော် ပုံ့ပုံ့တို့ကတော့ ခေါက်ဆွဲကြော်တွေရောင်းရတယ်ဆိုပြီး ကြွားနေတာဟေ့..."

"မှုတ်ပါဘူး တီအေးလှိုင်ကလဲ ဟီး...."

"မရေနဲ့သမီး ပိုက်ဆံဆိုတာ လူနေမှုဘဝအတွက်အရေးကြီးပေမယ့် ကိုင်တိုင်းကောင်းတာမဟုတ်ဘူး မကောင်းတဲ့ပိုးမွှားတွေဆိုတာ အမြဲကပ်ပါနေကြတာ ထထ မရေတော့နဲ့"

"မီးပုံ့ပြီးရင် လက်ဆေးပါ့မယ်မေမေရဲ့..."

ဖျာခင်းပြီး ပိုက်ဆံခြင်းကို အောက်ချ၍ ထိုင်ရေတွက်နေသော သမီးဟာ ပမာ့ကို ခေါင်းပင် ထောင်မကြည့်ပါပေ။ ပမာတားချင်ပေမယ့် သမီးက စိတ်အားထက်သန်နေသည်ကြောင့် ဒီနေ့တစ်ရက်တော့ ခွင့်ပြုလိုက်ပါမည်။

ပိုက်ဆံဆိုသည့် ငွေစက္ကူရွက်များသည် လူနေမှုဘဝအတွက်အရေးကြီးသည်ဆိုပေမယ့် ပိုက်ဆံကိုကိုင်ပြီးတိုင်း လက်ဆေးဖို့ အစ်ကို့ကို ခဏတိုင်းမှာဖြစ်သည်။ တစ်နိုင်ငံလုံး လှည့်လည်လာသည့် ငွေစက္ကူများတွင် မမြင်အပ်သည့် ပိုးမွှားများကပ်ပါလာတတ်သည်ကို လူတိုင်းသိမည်ထင်သည်။ ပေါ့ပေါ့တွေးလျှင်ပေါ့ပေါ့လေးဟု မြင်ရပေမယ့် ထိုအရာကိုသေချာတွေးလျှင်လဲ ကြောက်စရာဖြစ်၏။

ပမာတို့က စားဖိုချောင်ဝင်ရသည်မို့ ပိုက်ဆံရှင်း၊ ပြန်အမ်းသည်များကို အစ်ကိုကပဲ တာဝန်ယူပေးသည်။ ယခုမြာက အစ်ကို မအားသည်ကြောင့် ခဏလွှတ်ထားမိသည်ကို သမီးက ယူရေတွက်နေခြင်းဖြစ်၏။

"ဖေဖေ့ပြန်လာပြီ..."

"ပြန်လာပြီသမီးရေ"

"ဖိုးဖိုးက ဘာတဲ့လဲ"

ပိုက်ဆံတွေနှင့်ကစားနေသည့်သမီးက မေးလာသည့်အခါ ဘုန်းစေအနားသွားထိုင်ပြီး သေချာပြောပြသည်။

"စာရင်းစစ်ခိုင်းတာသမီး ထွေထွေထူးထူးမဟုတ်ပါဘူး"

"နောက်ဆို စာရင်းစစ်ခိုင်းမယ်ဆို မီးပုံ့ကိုခေါ်လို့ပြောလိုက်ပါအုံးဖေဖေရယ်"

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Where stories live. Discover now