အခန်း - ၃၀
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
တဖြေးဖြေးနှင့် နေကြာအပင်ပေါက်လေးများဟာ မြေဆွေးကိုထိုးဖောက်၍ ထိုးထိုးထောင်ထောင်နှင့် ပေါက်လာပြီပင်ဖြစ်သည်။ နေကြာတွေပွင့်လျှင် အပျော်ဆုံးဖြစ်မည့်သူကို ဘုန်းစေမှန်းကြည့်မိတော့ နှုတ်ခမ်းများပြုံးသွားရ၏။
"ငလက်မတော့ ဦးဘုန်းရေဆိုပြီး ချောင်းပေါက်မတတ်လာတော့မယ်ထင်ပါရဲ့...."
ဆိုင်ဖွင့်သည့်ရက်မှာ ဒီနေ့နှင့်ဆို ၁၀ ရက်ရှိပြီဖြစ်သည်။ ပို့ခ free ဖြင့် အိမ်တိုင်ရာရောက်လိုက်ပို့နေသည်မှာလဲ ယနေ့နောက်ဆုံးပင်ဖြစ်၏။ ဘုန်းစေအတွက် အလုပ်မပိုပေမယ့်လဲ ညီမအတွက် ဒီရက်များဟာ ပင်ပန်းသည့်နေ့ရက်များဖြစ်ခဲ့သည်ကြောင့် ဒီနေ့တစ်ရက်ကို အမြန်ပင်ကုန်ဆုံးချင်လှပါသည်။
ညီမတို့သားမိဘက်မှာ ဟော့ဒီ့က အစ်ကိုထက်ဘုန်းစေတစ်ယောက်လုံးရှိသည်ဆိုသည့်အချက်ကို အလုပ်နှင့် ဒီရက်တွေမှာ သက်သေပြနိုင်ခဲ့ပါ၏။ ဒီနေ့တော့ နဲနဲအပြုအမူလေးနဲ့ မြူဆွယ်ကြည့်အုံးမှဖြစ်မည်။ ရှိုးစမိုးတွေပြင်ပြီး သပ်ရပ်နေအောင် ဝတ်ဆင်လိုက်သည့်ဘုန်းစေမှာ တတ်ကြွစွာနှင့်ဖြစ်သည်။
"ညီမရေ...အဆင်သင့်ဖြစ်ပြီလားကွ"
"ဖြစ်ပြီအစ်ကို ညီမကပြီးပြီ သမီးပဲဘယ်ရှာရမှန်းမသိတာ"
အစ်ကိုထက်ရှိသည့်အိမ်ရှေ့သို့ ပမာအထုတ်များဆွဲပြီးထွက်လာသည့်အခါ မျက်လုံးပင်ကျိမ်းသွားရသည်။
"သွားကစားတာလား"
"ဟုတ်...ဟုတ်တယ် ပြုံးပြုံးတို့ဆိုင်မရှိရင် ဖြိုးအောင်တို့အိမ်မှာထင်တယ်"
"ဒါဆိုအကိုဝင်ခေါ်သွားလိုက်မယ်လေ ပေးပေး..."
"ဟုတ်ကဲ့"
ပမာ့လက်ထဲမှ အထုတ်များကိုယူ၍ အစ်ကိုထက်က ဆိုင်ကယ်ဖြင့်ထွက်သွားကို ပမာလှမ်းကြည့်နေမိသည်။
ဒီနေ့ဘာနေ့မလို့ အစ်ကိုထက်ပြောင်းလဲနေတာပါလိမ့်။ ဝတ်ထားသည်ကလဲ ဘောင်းဘီအနက်နဲ့ အပေါ်က ရှပ်အကောင်းစားနဲ့။ ဆိုင်ကယ်ဦးထုပ်ဟာလဲ ခါတိုင်းဆောင်းနေကျဟာမဟုတ်ပဲ ဈေးကြီးတဲ့ဦးထုပ်ကို ချိတ်လာသေးတယ်။ မျက်နှာကိုလဲ တစ်ခုခုလိမ်းထားတာနေမှာ ကြည့်ရတာ ကြည်ကြည်တင်းတင်းလေးဖြစ်နေတယ်။ ဒီနေ့ အကို့အတွက် ဘာနေ့များပါလိမ့်။
BẠN ĐANG ĐỌC
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Lãng mạnမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
