အတွဲ- ၃၊ အခန်း- ၁၂။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဒယ်ဒီ ဒီနေ့ ကိုကို့ကို မာမီ ရိုက်တာသိလား"
"ဟုတ်လား"
"ဟုတ်တယ် ကိုကိုမမှားတာကို မာမီက ရိုက်တာ"
"သားက မှားလို့လဲဖြစ်မှာပါသမီးရ"
"မှုတ်ပါဘူးဆို မီးပုံ့ပြောပြမယ်...."
ဖြစ်ကြောင်းကုန်စင်ကို မာမီမသိအောင် တိုးတိုးလေး ပုံ့ပုံ့ပြောပြလိုက်သည်။
"မီးပုံ့မေမေက မှာထားပြီးသား သူငယ်ချင်းတွေ လွန်လာရင် သည်းခံတဲ့ သည်းခံလို့မရရင်တော့ ရအောင်ဖြေရှင်းခဲ့တဲ့...ကိုကိုနဲ့မီးပုံ့နဲ့က သည်းခံသေးတယ်ဒယ်ဒီရဲ့"
"အင်း..."
"သူတို့က တအားစတော့ မီးပုံ့တို့က နပန်းဖက်လုံးခဲ့တာ အဲ့တာ ကိုကိုမှားလားပြော"
"အင်း...မှားတယ်လို့လဲ မဟုတ်ဘူးပေါ့"
"မာမီက ဒုတ်ကြီးနဲ့ ငါးချက်တောင်ရိုက်တာ "
"အင်း...သမီးက အခုက ဘယ်လိုဖြစ်စေချင်လို့လဲ..."
"နောက်တစ်ခါ ကိုကိုမမှားရင် မရိုက်နဲ့လို့ပြောပေးလေ...နော်..."
"ok ဒယ်ဒီပြောပေးမယ်"
"ဟုတ်..."
ကလေးကို ဆုံးမတာကို ယုနှင့် လွှတ်ထားခဲ့သည့် အထူး ဒီတစ်ခါတော့ သမီးစကားကြောင့် စကားနည်းနည်းတော့ ပြောမှဖြစ်မည်။ တော်ကြာ သမီးက ဒီမှာ မပျော်ဘူး အိမ်ပြန်မယ်ဆိုမှ ခက်တာပဲမဟုတ်လား။
မေမေ့ဆီဖုန်းခေါ်ပြီး ဒယ်ဒီက ပုံ့ပုံ့လက်ထဲသို့ ဖုန်းထည့်ပေးလိုက်သည်နှင့် မေမေ့ရဲ့ "Helloသမီး" ဆိုသည့် အသံလေးကို အရင်ကြားလိုက်ရပါသည်။
"မေမေ့ရေး..."
"ရှင့်..."
"မီးပုံ့ကိုလွမ်းလား"
"လွမ်းတာပေါ့သမီးရဲ့ မေမေအခုမှပဲ အမောပြေတော့တယ်ကွယ်"
"ဟီး...မီးပုံ့အသံကြားလိုက်လို့လား"
"ဟုတ်ပါ့တော် ဟုတ်ပါ့..."
"မီးပုံ့လဲ မေမေ့ကိုလွမ်းနေတာ "
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
