အတွဲ- ၃၊ အခန်း- ၁၅။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဟော ဒါက ဘာဖြစ်ရပြန်တာတုန်းဗျာ..."
ဧည့်ခန်းတွင်ထိုင်နေသည့်ညီမက နေနိုင့်ကို တစ်ချက်ပဲ ကြည့်ပြီး ဘာမှ ပြန်မပြောပါပေ။
"သမီးပြန်လာမယ့်နေ့ကို ပျော်နေရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ မျက်နှာမကောင်းရတာလဲ ညီမရဲ့...."
"စိတ်တွေ လေးနေလို့...နေလို့ထိုင်လို့ မကောင်းဘူးဖြစ်နေတာ"
ညီမ စိတ်ထဲနေလို့မကောင်းဘူးဟုဆိုလျှင် ဘုန်းစေတို့ ကြောက်ရပါသည်။ သမီးတစ်ခုခုဖြစ်ခါနီးတိုင်း ညီမ ထိုသို့ ခံစားမိသည်မှာ တစ်ကြိမ်တစ်ခါထဲမှ မကတော့ပဲ။
သို့ပေမယ့် ညီမခေါင်းလေးကို ပုတ်၍ ဘုန်းစေ နှစ်သိမ့်ပေးသည်။
"ဘာမှ မဖြစ်ဘူး သမီးကိုတွေ့ရမယ်ဆိုလို့ ညီမစိတ်ထဲ ပျော်တာနဲ့ဝမ်းနည်းတာ ရောထွေးနေတာနေမှာ"
"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့အစ်ကိုရယ် အခုဟာက နေရတာ တကယ်တစ်မျိုးကြီးဖြစ်နေလို့ ညီမ စိတ်မချဖြစ်တာ..."
"အင်း...အစ်ကိုနားလည်တယ်"
ညီမကို တစ်ယောက်ထဲထားခဲ့ပြီး အိမ်ရှေ့မှ ကိုထွန်းဆီသို့ ဘုန်းစေ ပြေးရသည်။ ပြီးသည်နှင့် အကျိုးအကြောင်းပြောပြပြီး သမီးဆီသို့ ဖုန်းဆက်ပါသည်။
"ကိုင်လားကိုထွန်း"
"မကိုင်ဘူးကွ ဖုန်းက ဝင်တယ်"
"ဟားဗျာ...အခုဘယ်လိုလုပ်ကြမှာတုန်း"
"မကိုင်မချင်းခေါ်ကြည့်မယ်ကွာ...အဲ့လိုမှ မဟုတ်လဲ ငါ့အသိကို အဲ့အိမ်သွားကြည့်ခိုင်းမယ်.."
"ရလား..."
"ငါလဲ မသေချာဘူး အဆက်အသွယ်မရတာကြာပြီဆိုတော့ သွားကြည့်ခိုင်းမယ့်လူကရော ရှိသေးရဲ့လား မသိဘူးကွ..."
"ဘာပဲဖြစ်ဖြစ် အကုန်လုပ်ကြည့်ကိုထွန်းရာ...."
"အေး..."
သမီးဆီသို့ ဘုန်းစေဟာ ဖုန်းအဆက်မပြတ်ခေါ်ပြီး ကိုထွန်းကလဲ သူ့အသိဖုန်းနံပါတ်ကို မှတ်စုစာအုပ်ထဲ သွားရှာပါသည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
