အတွဲ- ၃၊ အခန်း- ၁၈။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"နွားနို့သောက်မလား သမီး"
သမီးက ခေါင်းရမ်းပြသည်။
"ငှက်ပျောသီးရော စားမလား"
"ဒါဆို ကြက်ဥပြုတ်ရောသမီး"
ဘာကျွေးကျွေး ခေါင်းပဲ ရမ်းပြသည့် သမီးလေးကြောင့် စားစရာများကိုဘေးချ၍ သမီးအနားထိုင်ပါသည်။ ဆရာဝန်က အစာကျွေး၍ ရပြီ ကလေးအားရှိသည့်အစားများ ကျွေးပါဟုပြောသွားပြီမဟုတ်လား။
"ဗိုက်ဆာနေတယ်မဟုတ်ဘူးလား...ဒါတွေမကြိုက်လို့လားသမီး"
မေမေ့ကို ကြည့်ပြီး ပုံ့ပုံ့ဘယ်လိုမှ လုပ်မပြပါပေ။
"မြေးက ဗိုက်မဆာသေးလို့နေမှာပါသမီးရဲ့...ဟုတ်လားမြေး မြေးဗိုက်မဆာသေးလို့ မစားသေးတာမလား ဆာရင် ဒါတွေအကုန်စားမှာမလားမြေးရဲ့..."
မြေးလေးက ဘယ်လိုမှ မနေပဲ ကြည့်ပဲ ကြည့်နေတာမို့ မိခင်ဖြစ်သည့် သမီးက စိတ်ဆင်းရဲနေမည်ထင်သည်။
"ငါ့မြေးက ပန်းသီးစားချင်လို့ပါကွ မင်းတို့ကလဲ နော့မြေး ရော့ ဒါ ဖိုးကိုယ်တိုင် ရေဆေးလာတာ"
မြေးလက်ထဲသို့ ပန်းသီးတစ်လုံးထည့်ပေးလိုက်သည်။ သို့ပေမယ့် မလှုပ်သေးပါပေ။
"ကိုထွန်းကို အဲ့တာကြောင့် ကျွန်တော်ပြောပါတယ် သမီးက ဆန်ပြုတ်ပဲ ကြိုက်တာ ဆန်ပြုတ် ပြုတ်ခဲ့ပါဆိုမှဗျာ..."
"ဟုတ်သားပဲကွာ...ဦးမေ့နေတာ သမီးဆန်ပြုတ်စားမှာမလားသမီး ဦးဦးပြန်ပြီးပြုတ်ပေးမယ် ကြက်သားတွေအများကြီးထည့်ခဲ့မယ် စားမယ်မလားသမီး..."
ဘယ်သူတွေ ဘာပြောပြော တစ်ချက်ကလေးမှ မလှုပ်သည့် သမီးကြောင့် လူအသီးသီး သက်ပြင်းချကုန်ကြပါသည်။
"ညီမလေးပြောတော့ စားကောင်းတာဆို အကုန်ကြိုက်တယ်ဆို ဒီပန်းသီးက တအားချိုတာ ညီမလေးရဲ့...ကိုကို တစ်လုံးစားကြည့်ပြီးပြီ ချိုတယ် ညီမလေးရော စားကြည့်ပါလား"
အစ်ကိုလုပ်သူလဲဖြစ် ကလေးချင်းလဲဖြစ်တာကြောင့် သူ့ကိုကို စကားကိုတော့နားထောင်မည်ထင်လိုက်ပေမယ့် သမီးက တုပ်တုပ်မျှပင် မလှုပ်ပေ။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
