Extra - 2
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
မီးဖိုထဲမှ ဦးဦးရှိရာသို့ ပုံ့ပုံ့ဝင်သွားရင်း ဟိုကြည့်ဒီကြည့်နှင့်ကြည့်သည်။
"ဒီနေ့ ဘာဟင်းလဲ ဦးဦး"
"သမီးကြိုက်တဲ့ ဆူးပုတ်ရွက်ပဲကြီးဟင်းချိုနဲ့ မန်ကျည်းသီးထောင်းဗျာ..."
"ကြိုက်တယ်ကြိုက်တယ် မီးပုံ့ကြိုက်တယ်"
"ကြိုက်မှန်းသိလို့ တမင်ကို ချက်ထားတာဗျာ... သမီးမေမေနဲ့ဖေဖေကို ထမင်းစားဖို့ သွားခေါ်လိုက်အုံးသမီး"
"ဟုတ်"
အိမ်ရှေ့တွင် ထိုင်နေကြသော ဖေဖေနှင့်မေမေကို ပုံ့ပုံ့သွားခေါ်ရင်း နှင်းဆီ ပန်းတစ်ပွင့်ပါ လမ်းကြုံခူးခဲ့ပြီး မေမေ့ခေါင်းကို ပန်ပေးသည်။
ထမင်းစားဝိုင်းတွင် စကားမပြောကြပဲ စားစရာရှိတာသာ စားကြသည်မို့ အေးဆေးငြိမ်သက်လှသလို ထမင်းတစ်ပန်းကန်ပြီး တစ်ပန်ကန် ထပ်ယူနေသော သမီးက စား၍ကောင်းလို့ထင်သည်။
အို သမီးက အခုဆို ထမင်းစားမကောင်းတဲ့နေ့ရော ရှိလို့လား အမြဲစားလိုက်ရင် နှစ်ပန်းကန်က အသာလေး ပိုစားကောင်းရင် သုံးပန်းကန်တောင် စားတဲ့ကလေးလေ...အဲ့တော့ ဘာဖြစ်လာသလဲဆို အရပ်ပိုရှည်လာရမယ့်အစား ဗိုက်မှာစုပြီး ပိုလို့ပဲ ဝလာတာမျိုးပေါ့ အဟင်း..အခုဆို ဝက်ပုတ်ကလေးကို ဖြစ်နေပြီလေ။
*ဂေ့...*
"ဟီး...ဆောတီး..."
"ဗိုက်ကို ပြည့်သွားတာပဲဦးဦးရယ် စားကောင်းမှ ကောင်း"
ဗိုက်ကလေး ပွတ်၍ ထိုင်ခုံပေါ်တွင် နောက်မှီ၍ ထိုင်နေသော သမီးက မျက်တောင်လေးတောင် စဉ်းလာလေသည်။
"စားပြီး အိပ်ချင်သွားတာပဲကြည့် မဝပဲ ဘယ်နေတော့မလဲ"
"မီးပုံ့က ဝလို့လား"
"ဝလားမဝလားတော့မသိဘူး သမီးအင်္ကျီတွေဖြင့် တစ်ထည်မှတောင်ကိုယ်လုံးနဲ့ မတော်တော့ဘူး"
"အဲ့တာက မီးပုံ့အရပ်ရှည်လာလို့ပါ ဝလို့မှုတ်ပါဘူးမေမေရဲ့"
"မဝဘူးသမီး မဝဘူး အင်း...ပြောရရင် ဖိုးဝရုပ်မလေးလိုပဲ သိပ်မဝပါဘူး"
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
