Season - 2,Part - 10

10.6K 334 23
                                        

အတွဲ ၂၊ အခန်း ၁၀။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"တွေ့ပြီလား...သမီးကိုတွေ့ပြီတဲ့လား..."

"တွေ့ပြီ အာစရီရေ...သဲထဲမှာ နစ်နေတာတဲ့ဗျ..."

"ဘာ...သဲထဲမှာနစ်နေတာ ဒါဆို...သမီး..."

သဲနုန်းများကြားမှ ဘုန်းစေပြေးသွားသည့်အခါ ထင်သလောက် ခြေလှမ်းတို့ မြန်ဆန်မနေပါ။ ဒါ့ကြောင့် ပို၍ ရင်ပူရသလို၊ ပို၍လဲ စိုးရိမ်မိပါသည်။

"သမီး...."

လူ လေးငါးယောက်ဝိုင်းထားပေမယ့် ဘုန်းစေလာသည့်အခါ အလိုလိုနေရာရှောင်ဖယ်ပေးကြ၍ သဲနုန်း၊ရွှံ့များကြားမှ လက်သေးသေးလေးကို တွေ့လိုက်ရတော့၏။

"ဟာ...သမီး..."

ဖြူဖက်နေသည့် လက်သေးသေးကလေးထဲ မြက်ပင်ကလေးများ ဆုတ်ကိုင်လျှက်သားဖြစ်နေသည့် မြင်ကွင်းမှာ ဘုန်းစေအတွက် ကမ္ဘာကြီးပျက်လုမတတ် ဖြစ်သွားစေခဲ့သည်။ 

​ခြေထောက်များ မခိုင်တော့၍ ဒူးထောက်လဲကျသွားသည့်သားဖြစ်သူကို ​ဦးဘုန်းကျော် လှမ်းဆွဲထိန်းထားလိုက်သည်။

"သား စိတ်မလျှော့နဲ့သား..."

"ဒယ်ဒီ...သမီး.."

"ဒါ မြေးလေးဟုတ်ချင်မှ သားရ...ဟေ့ကောင်တွေဘာရပ်လုပ်နေကြတာလဲ ဖော်​ကြလေကွာ..."

"ဟာ ဟုတ်ဟုတ်..."

"လူကိုဘာမှ မထိစေနဲ့..."

"ဟုတ်ကဲ့ဦးလေး..."

မထိစေနှင့်ဟုပြောလိုက်သည်နှင့် ဂေါ်ပြားများဘေးချ၍ သဲနုန်း၊ရွှံ့များကို လက်နှင့်သာ ဖယ်ပေးကြသည့်အခါ သားဖြစ်သူက စိုးရိမ်တကြီးဖြင့်ကြည့်သည်။

"ဟားကွာ...ဒယ်ဒီ..."

ငိုချလိုက်သည့် သား၏မျက်ဝန်းများဟာ စုံမှိတ်၍ပင် ငုံ့သွားလေသည်။

"မဟုတ်ဘူးလို့သားရ...ဒါမြေးမဟုတ်ပါဘူးကွ..."

"ဒယ်ဒီရာ...အား...."

"စိတ်ထိန်းစိမ်းပါကွာ..."

ဗိုက်ကလေးထိ ပေါ်လာသည့်အခါ အင်္ကျီပင် မပါတော့သည့် ကလေးလေး၏ ဗိုက်မှာ ဖောရောင်ဖြူစွတ်နေ​သည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora