အတွဲ- ၃၊ အခန်း- ၁၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဒီနေ့ သားတို့ကို အကူညီတောင်းချင်တာလေးရှိလို့"
"ဟုတ်ကဲ့..."
သမီးရဲ့ ကစားဖော်ကလေးများ အားလုံးကိုခေါ်၍ မုန့်ကျွေးပြီး စကားပြောရသည်။
"ဒီလူနှစ်ယောက်ကို သေချာကြည့်ထားပေးပါအုံး"
ကလေးတွေဆီ ဓာတ်ပုံလေးတစ်ပုံပေးလိုက်တော့ ဝိုင်းဝန်း၍ ကြည့်ကြသည်။
"အန်တီတို့ မရှိတုန်း အဲ့လူနှစ်ယောက်ရောက်လာရင် သမီးပုံ့ပုံ့နဲ့ မတွေ့စေနဲ့နော် အန်တီပြောတာ နားလည်လား..."
ကလေးတွေက သိပ်နားလည်ပုံမရပေ။
"ဒီဓာတ်ပုံထဲက အန်တီက သမီးပုံ့ပုံ့ကို ရိုက်လိုက်တဲ့လူလေ သူသာ သမီးဆီကိုလာတွေ့ရင် ထပ်ရိုက်ရင်ရိုက်နေမှာ အဲ့တာကြောင့် အန်တီက သားတို့သမီးတို့ကို အကူညီတောင်းတာ"
"ပုံထဲက လူတွေအနားလာရင် သားတို့သူငယ်ချင်းကို ကာကွယ်ပေးနော် မဟုတ်ရင် သမီးလေးကြောက်နေမှာ....
"ဟုတ် အဲ့လူတွေကိုတွေ့ရင် သားတို့ တွန်းလှဲလိုက်မယ်..."
သားသားစကားကြောင့် ပမာပြုံးရင်း ခေါင်းလေးသွားပုတ်လိုက်ပါသည်။
"တော်လိုက်တာ"
"ဒါပေမယ့် တွန်းလှဲတာမျိုးမဟုတ်ပဲ လူကြီးတွေကို ပြေးခေါ်တာတို့ သမီးလေးကို ဘေးကိုခေါ်သွားတာတို့ လုပ်ပေးရင် အန်တီက ပိုကျေးဇူးတင်မိမှာ"
"စိတ်ချအန်တီ သမီးတို့ ဂရုစိုက်ပေးပါ့မယ်ရှင့် "
သမီးလေး ပြုံးပြုံးထပြောမှ ပမာရယ်မောရင်း စိတ်ချသွားရတော့၏။ မမှာထား၍မရပေ။ ပမာတို့အနားမရှိတုန်း ကလေးတွေကြည့်ပဲဆိုပြီး ရောက်လာကြရင် ဘယ်လိုလုပ်မလဲ။
..............
အပင်အောက်တွင် ဆော့နေသည့်သမီးက ရေခဲချောင်းသယ် အိမ်နားရောက်လာသည်နှင့် ပမာ့ဆီပြေးလာလေတော့သည်။
"ရေခဲချောင်းစားချင်လို့လားသမီး..."
ခေါင်းလေးတဆက်ဆက် ညိမ့်ပြသည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
