အတွဲ- ၃၊ အခန်း- ၁၀။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ယုနွယ် နင်သမီးကို ဂရုစိုက်ရမယ်နော် အစားသေချာကျွေးပြီး သမီးကို အချိန်မှန်အိပ်ခိုင်း"
"ဟုတ်မမ"
"သမီးက ညဆို မီးဖွင့်ပြီးမှအိပ်တတ်တာ မနက်ဆိုလဲ အစောထတယ် အိပ်ရာနိုးရင် ဗိုက်ဆာတတ်လို့ နင်လဲအစောထပြီး သမီးအတွက်တစ်ခုခုစီစဉ်ပေးလိုက်နော်"
"နေပူတွေထဲလဲ အမြဲတမ်းထွက်မဆော့ခိုင်းနဲ့အုံး သမီးက အခုဆို နည်းနည်းချူချာတတ်တယ် အပူရှပ်သွားလိမ့်မယ်"
"ဟုတ်"
"သမီးက ကားမူးတတ်လို့ ကားမှန်ချပြီး အပေါက်ဘက်ကပဲ စီးခိုင်းနော် မဟုတ်ရင် အန်လိမ့်မယ်..."
"ပြီးတော့"
ပမာစိတ်လှုပ်ရှားစွာဖြင့် စကားတွေဆက်တိုက်ပြောနေမိသည်မှာ အစ်ကိုလှမ်းတားမှ အသိဝင်တော့သည်။
"တအားကြီးစိတ်မပူပါနဲ့လေညီမ"
ပမာခေါင်းညိမ့်ပြလိုက်ပေမယ့် ရင်ထဲတွင်တော့ မအေးသေးပေ။
"ဒီက ငါ့ညီမတို့ကလဲ အစ်ကိုသမီးကို သေချာဂရုစိုက်ပေးပါ... အိမ်မှာက သမီးကို အားလုံးက အလိုလိုက်ထားတာ...ဟိုရောက်ရင် အနည်းနဲ့အများ ငြိုငြင်စရာကိစ္စရှိရင်လာခဲ့ရင်တောင် မဆူပါနဲ့လို့မှာချင်တယ်"
"ဟုတ်ကဲ့ဗျ...ကျွန်တော်တို့ သမီးကို စိတ်ချမ်းသာအောင်ထားပါ့မယ် မဆူပါဘူးဗျ..."
"ကိုယ့်သမီး မျက်ရည်ကျတာလဲ မလိုချင်ဘူး စိတ်မကောင်းဖြစ်တာလဲမလိုချင်ဘူး...ဒီအိမ်မှာဆို သမီးငိုတယ်ဆိုတာ မရှိသလောက်ပဲ အဲ့အတွက်မှာနေတာပါ..."
"ဟုတ်ကဲ့"
"သမီးတကယ်လို့ အဲ့မှာမပျော်တော့ရင် မပျော်တဲ့အချိန် ပြန်လာပို့ပေးပါ...ရေဘေးဖြစ်ပြီးကတည်းက အစ်ကိုတို့က သမီးစိတ်မပျော်တဲ့အရာဆို ဘယ်အရာမှ ဖိအားမပေးတာမလို့ မင်းတို့တွေလဲ အဲ့အတိုင်းလိုက်လုပ်ပေးရင် ကျေးဇူးတင်မိမှာ"
"ဟုတ်ကဲ့ ယုနွယ်တို့လဲ သမီးရဲ့မိဘအရင်းတွေမို့ သမီးစိတ်ချမ်းသာအောင် ထားမှာပါ..."
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
