အတွဲ- ၃၊ အခန်း- ၈။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဖေဖေ့ရေး မီးပုံ့ကို ဆံပင်စည်းပေး..."
"ဒီအတိုင်းလေး ချထားတာ ပိုမကောင်းဘူးလားသမီးရ"
"မီးပုံ့က နှစ်ဖက်လုံးကို စည်းချင်တာ ဖေဖေစည်းပေးပါဆို..."
ဘုန်းစေ သမီးခေါင်းကို ဖြီးပေးရင်းဖြင့် ဆံပင်နှစ်ဖယ်ညီအောင်ခွဲရသည်မှာ တော်တော်လေး အခက်တွေ့နေရသည်။
"မေမေက အိပ်နေတာ မီးပုံ့က ဆံပင်စည်းချင်နေပြီ မီးပုံ့ဘာသာစည်းရင် မလှဘူးဖေဖေရဲ့..."
"ဟုတ်ပါပြီဗျာ...ဖေဖေလှအောင်သေချာလေး စည်းပေးမယ် ဟုတ်ပြီလား"
"ဟုတ် မေမေနိုးလာလို့ မီးပုံ့လှလှလေးပြင်ထားရင် မီးပုံ့ကို ဟော သမီးဒီနေ့ လှနေပါလားလို့ပြောပြီး ဖက်နမ်းမှာဖေဖေသိလား..."
"သိပါ့ဗျာ...သိပါ့..."
"ဟီး...."
ညက ညဉ့်နက်မှ အိပ်သွားသည့်ညီမက မနက် ၇ နာရီထိအိပ်ရာက မထသေးပါပေ။ ပင်ပန်းသွား၍ အိပ်သည်ကိုခွင့်ပြုပေမယ့် အားလုံးရှုံးတော့မည်ဆိုပြီး စိတ်လျှော့ချပြီးအိပ်နေလျှင်တော့ ဘုန်းစေ တားချင်ပါသည်။ ယခုထိ တစ်ဖက်က လူတွေနဲ့ စကားပြောရသေးတာမဟုတ်တဲ့ကိစ္စကို ဘာကိစ္စ ရှုံးပါပြီလို့ ကြိုတွေးထားရမှာလဲ။
မေတ္တာလုတဲ့ပွဲမှာ မိဘအရင်းတွေဖြစ်နေရင်တောင် လူမဆန်ရင်တော့ ရှုံးကြမှာပါပဲ...။
မေတ္တာစစ်နဲ့ စောင့်ရှောက်ပေးပြီး သမီးအရင်းလို ချစ်ပေးတဲ့ ညီမက ဘာလို့ရှူံးရမှာလဲကွ...။
ညီမသာရှုံးရင် ဒီလောကကြီး ဖောက်ပြန်နေလို့ပဲ...။
ဆံပင်နှစ်ဖက်ခွဲစည်းထားသည့်သမီးက ထမင်းကို အားရပါးရ ငုံ့စားနေသည်ကို ဘုန်းစေ ကြည့်ပြီး ပီတိဖြစ်ရသည်။ မအေဖြစ်သူကို အကြာကြီးစောင့်ပြီးမှ မစောင့်နိုင်တော့လို့ ထမင်း ထ စားတဲ့ကလေး။ မအေလုပ်သူမျက်နှာညိုးရင် နေစရာမရှိတဲ့ကလေး။ ဒီကလေးက ဘာလို့ ညီမကို ထားခဲ့ရက်မှာတဲ့လဲကွ။
........
........
အခန်းထဲမှ ထွက်လာသောသမီးက ဘုန်းစေဘေးသို့ မျက်နှာပျက်စွာနှင့် လာထိုင်ပါတော့သည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
