အတွဲ- ၃၊ အခန်း- ၁၄။
မေတ္တာဝေဆာ ဆည်းလည်းပမာ
"မာမီက ကိုကိုတို့ကိုအိမ်ပြန်နှင့်တဲ့ ညီမလေး..."
"ဟုတ်"
အိမ်ပြန်လာရာလမ်းလေးတွင် ကိုကို့လက်ကိုဆွဲ၍ ပြန်လာခဲ့ပါသည်။ ကိုကိုက သူကစားဖူးသည့် ဒီလမ်းလေးအကြောင်း ပြောပြလေတော့ ပုံ့ပုံ့လဲ နားထောင်ပေးသည်။
"ကိုကို မာမီက ပုံ့ပုံ့ကို မချစ်ဘူးနဲ့တူတယ်နော်"
"ချစ်ပါတယ်"
"မချစ်လောက်ဘူး...ပုံ့ပုံ့ကို မာမီက သိပ်မချစ်လောက်ဘူး..."
"ချစ်ပါတယ်ဆို ညီမလေးရဲ့..."
ကိုကိုနှင့်အတူ အိမ်ပြန်ရောက်လေတော့ အိမ်ရှေ့မှ အပင်အောက်တွင် ထိုင်ဆော့ကြသည်။
"ကိုကို ပုံ့ပုံ့ကိုချစ်လား"
"ချစ်တာပေါ့..."
"ပုံ့ပုံ့တို့က အမွှာတွေဆိုတော့ စိတ်တူတယ်တဲ့ "
"မာမီအဲ့လိုပြောတာ ကိုကိုလဲ ကြားဘူးတယ်"
"ကိုကို ဘာအရောင်ကြိုက်လဲ..."
"ကိုကိုက အပြာရောင်"
"ပုံ့ပုံ့က ပန်းရောင်...ကိုကိုက ဘာအသီးကြိုက်လဲ..."
"ကိုကိုက လိမ္မော်သီး"
"ပုံ့ပုံ့က စားကောင်းတာ အကုန်ကြိုက်တယ် ဟီးဟီး...."
အပင်အောက်မှ ကလေးငယ်လေးနှစ်ယောက်ဟာ သစ်ရွက်များနှင့် ဆော့ကစားရင်းဖြင့် တစ်ယောက်အကြိုက် တစ်ယောက်မေးကာ ပျော်ရွှင်စွာ ကစားကြပါသည်။
.........
"မနက်ဆိုသမီးပြန်လာပါပြီကွ"
အိမ်ထဲ ဝင်လာသည့် ကိုထွန်းဆီမှ တတ်ကြွသည့်အသံကို ကြားလိုက်ရပါသည်။
"အဲ့တာကြောင့် ရွှင်လန်းနေတာပေါ့ ကိုထွန်းရာ..."
"မနေ့က ဖုန်းပြောတုန်းကလဲ အခြေနေကောင်းသားပဲ...ဒါဆို စိတ်ပူစရာမရှိလောက်ပါဘူး..."
"ဒီနေ့ည ဖုန်းထပ်ပြောကြရင်တော့ ညီမလေးစိတ်ချပြီကိုကို "
"မဟုတ်တာတွေ ဘာမှမတွေးနဲ့ရွယ်လေး မဟုတ်ရင် ကိုယ့်ကျန်းမာရေးပဲထိမှာ...သမီးက ငါ့ညီမဆီ ပြန်လာမှာစိတ်ချ"
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
