Season- 2,Part - 6

9.5K 325 14
                                        

အတွဲ ၂၊ အခန်း ၆။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"သမီးရေ...ဘာလုပ်နေတာလဲ..."

"ဘာမှလုပ်ဖူးမေမေ့...မီးပုံ့ဆော့နေတာ..."

"အိမ်ထဲဝင်တော့လေသမီး..မိုးချုပ်တော့မယ်"

"ဟုတ်"

ဟုတ်ဟုသာ ဖြေပြီး အိမ်ထဲမလာသေးသည့်သမီးဟာ ဘုရားရေချမ်းကပ်၊ဆီမီး နှင့် အမွှေးတိုင်ပူဇော်ပြီးသည်အထိ ရောက်မလာပဲရှိနေ၏။ ထို့နောက် အစ်ကိုတို့ပြန်လာသည့်အခါ သံပုရာရည်လေး​ဖျော်ပေးရင်းဖြင့် သမီးကို လုံးလုံးလျားလျားမေ့သွားခဲ့တော့၏။

အိမ်နောက်တွင် ပုံ့ပုံ့တစ်ယောက်ထဲ ရွှံ့များကို အရွက်များနှင့်ရော၍ အကြော်ကြော်တိုင်း ဆော့သည်။

"မမှောင်သေးဘူးဆ်ိုတော့ နည်းနည်းထပ်ဆော့လိုက်အုံးမယ်...အင်း...အရွက်ထပ်​ခူးပြီး ကြက်သွန်ကြော် ကြော်ရမယ်...."

​အိမ်ဘေးရှိအရွက်များကိုခူး၍ ထင်းခုတ်သည့် ဓားမကြီးကိုင်ကာ သစ်သားတုံး စင်းတီတုံးပေါ်ကို့ တင်းပြီး ဓားမနှင့်ခုတ်သည်။

အရွက်ကိုကိုင်ပြီး ခုတ်လာသည်မှာ အရွက်အဖျားပိုင်းလေးသာ ကျန်တော့သည့်အခါတွင်...။

"အား..."

ဘယ်ဘက်လက်ညိုးဟာ ဖျန်းခနဲသွေးများ ပန်းထွက်လာသည်နှင့် ပုံ့ပုံ့တန်းပြီးဖိလိုက်သည်။

သွေးများဟာ တစ်စက်တစ်စက်နှင့် ကျနေသည်ကို သိပေမယ့် ပုံ့ပုံ့တအားကြောက်နေသည်ကြောင့် ဖိထားသည့်လက်ကို ဖယ်လဲ မကြည့်ရဲပါပေ။ ထိုအစား ငိုဖို့ကိုလဲသတိမရပဲ လန့်နေရ၍ ပုံ့ပုံ့ထပြီး မေမေတို့ရှိရာသို့ ကတုန်ကယင်နှင့် လျှောက်လာလိုက်၏။

​ဖေဖေနှင့်ဦးဦးကိုတွေ့ပေမယ့် ပုံ့ပုံ့ကျော်သွားလိုက်ပြီး မေမေရှိသည့်မီးဖိုချောင်သိို့ သွားရပ်လိုက်ပါသည်။

"မေမေ...မေမေ့..."

"ရှင့်...ထမင်းစားတော့မလားသမီး"

"မီး...မီးပုံ့...လက်ပြတ်သွားလို့..."

"ဟင်..."

လက်ကလေးကိုဖိကိုင်၍ မျက်ရည်​တွေဝိုင်းလာသော သမီးလေးဟာ ခြေထောက်လေးများပေါ်သို့ သွေးများက တစ်စက်တစ်စက်နှင့်ကျနေသည်ကို တွေ့လိုက်ရတော့ ပမာ့မျက်လုံးများ ပြာသွားရ၏။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя