အခန်း- ၈
"ငါ့မောင်ရေ ချောင်းရေက ကမ်းပြည့်နေပြီနော့ သိမ်းစရာရှိတာသိမ်းထားအုံး"
"ကျေးဇူးပါအစ်မ"
"အစ်မတို့ကတော့ နှစ်တိုင်းရေတတ်နေတော့ ကျင့်သားရနေပြီ ငါ့မောင်ပဲ အထူးအဆန်းဖြစ်နေမှာတော့ ဟဲဟဲ...."
တစ်ဖက်အိမ်မှ လှမ်းအော်ပြောသည့် မအေးလှိုင်ဟာ အတော်လေး အသံအောင်သည်ဟုတောင် ပြောပါရမည်။ လမ်းခြားနေသည်တောင် အော်သံကြီးက ဟိန်းကနဲ ထွက်လာပြီး ဟိုးလမ်းထိပ်ကတောင်အသာလေးကြားရလောက်သည်အထိ ကျယ်လောင်စူးရှ၏။ ဘုန်းစေအတွက် အိမ်၌ ထွေထွေထူးထူးကြီးသိမ်းစရာမလိုသည်ဟုတွေးကာ ချောင်းရေကမ်းပြည့်နေသည်ကို ကြည့်ချင်လှ၍ ချောင်းဘက်သို့ ထီးတစ်လတ်ယူပြီး ထွက်လာလိုက်၏။
"အတွေ့အကြုံဆိုတာ နှစ်ခါရတာမဟုတ်ဘူး ကြုံတုန်းလေးယူထားမှ တော်ကာ ကျတာ"
"ငါ့မောင်ရေ... ဘယ်လဲ"
"ချောင်းရေသွားကြည့်မလို့အစ်မ"
"ဟယ်...ကလေးကလားတော် သွားကြည့်သွားကြည့်.."
ထီးကြီးလက်မှကိုင်ပြီး ပုဆိုးကို တိုတိုဝတ်၍ ထွက်သွားသည့်ကို အေးလှိုင်လိုက်ကြည့်ပြိး ရယ်ချင်နေရ၏။ ဒီတစ်ယောက်လဲ ရောက်တာကြာတော့ ဒီပတ်ဝန်းကျင်မှာ ကျင့်သားရနေပြီနဲ့တူပါတယ်။
"ပမာရော သိမ်းပြီးပြီလား"
"သိမ်းနေပြီအစ်မ ပမာတို့က သိပ်တော့ သိမ်းစရာမရှိပါဘူး တိုလီမိုလီလောက်ပါပဲ"
"အစ်မတော့ များတယ်ပမာရေ ကလေးတွေဆော့ထားတာလဲ ပစ္စည်းတွေသိမ်းရမှာမနည်းဘူး ထင်းတွေလဲ တင်ရအုံးမယ် အို... အများကြီးအများကြီး"
"သိမ်းသိမ်း တော်ကြာ ရေတတ်လာမှ မမှီပဲနေအုံးမယ်"
"ဟုတ်ပါ့ဟုတ်ပါ့ ကလေးတွေဆီ သွားအုံးမလား ရေသွားကြည့်ကြတယ်ဆို"
"ဟုတ်တယ် ရေကြည့်ဆိုပြီး တစ်ဖွဲ့လုံးထွက်သွားတာပဲ ခဏနေမှ လိုက်သွားလိုက်မယ်အစ်မ"
"အင်းအင်း..."
.....
ချောင်းအစပ်ကမ်းစပ် တစ်ဖက်တစ်ချက်တွင် ကလေးများ စုပြုံနေပြီး လူကြီးများပါ ရပ်၍ ကြည့်နေကြသည်မှာ အတော်လေးတောင်စည်ကားနေပြီဖြစ်သည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
