အခန်း- ၄၁
ဦးဘုန်းကဆိုင်ကယ်မောင်းပြီး မေမေနှင့်ပုံ့ပုံ့ဟာ နောက်မှထိုင်စီး၍ ဘုန်းကြီးကျောင်းသို့ သွားကြပါသည်။ ဆွမ်းဂျိုင့်ကပ်ပြီးသည့်အခါ ဘုရားရင်ပြင်ပေါ်သို့လာ၍ ဘုရားကန်တော့ပြီး ဦးဘုန်းက ဓာတ်ပုံရိုက်ပေးသည်။
လှေခါးတွင်ထိုင်ကာ ပမာနှင့်အစ်ကို၏ကြားမှနေ၍ ဖုန်းထဲမှဓာတ်ပုံလေးများကို သမီးကပြန်ကြည့်လေသည့်အခါ ပမာနှင့်အစ်ကို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အကြည့်နှင့်စကားပြောရ၏။
"ကဲပါ ညီမပဲပြောလိုက်တော့မယ်"
ဘုန်းစေ ပြုံးလိုက်တော့ ညီမကလည်း လှလှကလေးပြုံးပြလေ၏။ ရင်အေးစေသည့် အပြုံးလေးကို မနက်ခင်းလေးတွင် မြင်လိုက်ရပြီမို့ ဘုန်းစေ ပျော်မိပါသည်။
"သမီး..."
"ရှင့်..."
"မေမေပြောစရာရှိတယ်"
"ဟုတ်မေမေ ရပြီ"
ပြောစရာရှိသည်ဟုပြောလိုက်သည်နှင့် လက်ထဲမှဖုန်းက်ို အစ်ကို့ဆီထိုးပေးပြီး သမီးက သေချာအာရုံစိုက်၍ နားထောင်လေ၏။ ဒီလိုလေးတွေ ပြုမူတတ်အောင် သေချာသင်ပေးထားတော့လဲ သမီးလေးရဲ့ အပြုအမူလေးက လူကြိီးလေးလိုဖြစ်နေခြင်းဖြစ်သည်။
"သမီးလေးကိုမေမေသိပ်ချစ်တာ သိတယ်မလား"
"ဟုတ်"
"မေမေ့ဘဝမှာ သမီးရှိရုံနဲ့ အရာရာပြည့်စုံပြီးဆိုတာရော သမီးသိလား"
"ဟုတ် မီးပုံ့သိတယ်"
သမီး၏ လက်နုနုသေးသေးလေးကို ပမာဆုပ်ကိုင်လိုက်ပြီး မျက်နှာလေးသို့လဲ လက်တစ်ဖက်နှင့် ဖိကိုင်လိုက်ပါသည်။
"မေ့သမီးလေးအတွက် ဖေဖေရှာပေးရင်ရော သမီးလေးလက်ခံမှာလား"
သမီးမျက်ဝန်းလေးများက တစ်ခုခုကိုစိုးရိမ်သွားသလိုပင် အမှောင်ဓာတ်တစ်ခုဖြတ်ပြေးသွားသည်ကို ပမာတွေ့လိုက်ရတော့ စိတ်ထဲ စိုးထိတ်သွားရတော့၏။
"မီးပုံ့မှာဖေဖေမရှိဘူးဆို"
ပမာခေါင်းညိမ့်ပြလိုက်သည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
