Part - 29

11.9K 432 13
                                        

အခန်း - ၂၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

ဆိုင်ဖွင့်ပွဲ မင်္ဂလာရက်လေးသို့ရောက်လာခဲ့သည့်နေ့တွင် ပမာ့ထက် သမီးလေးနှင့်အကိုက ပိုပျော်နေခဲ့ကြ၏။

"မီးပုံ့ဝတ်ထားတာလှလားမေမေ လှလား..."

အနီရောင်ဝမ်းဆက်လေးနှင့် ကြက်တောင်စည်းတစ်ဖက်တစ်ချက်က်ို ကားကားလေးစည်းပေးထားသည့်သမီးက အရုပ်မလေးနှင့်တောင်တူလှသည်။

"လှတာပေါ့သမီးရဲ့ ထမိန်လေးနဲ့အိုး လှမှလှ..."

"ဟီး...မီးပုံ့က မေမေနဲ့တူလို့လှတာတဲ့..."

"ဘယ်သူပြောတာတုန်း"

"ဦးဘုန်းပြောတာ"

"ဟယ်တော်..."

မလှမ်းမကမ်းမှ သားမိနှစ်ယောက်ဟာ သူ့ကိုလှမ်းကြည့်ပြီး စကားတွေပြောနေကြတော့ ဘုန်းစေလည်ဂုတ်ကိုပွတ်နေမိ၏။

"ဒီသားမိ ဘာတွေပြောနေကြတာပါလိမ့်..."

.....
"ပုံ့ပုံ့ခေါက်ဆွဲကြော်ဆိုင်မှ ကြိုဆိုပါတယ်ရှင့်..."

"ခေါက်ဆွဲကြော် ကြာဇံကြော် ကြိုက်ရာ မှာလို့ရပါတယ်ရှင့်..."

"တစ်ပွဲမှ ၃၀၀၀ ကျပ်တည်းနဲ့ အရသာရှယ်ကြီးစားလို့ရမှာပါရှင့်..."

"ပုံ့ပုံ့ခေါက်ဆွဲကြော်ဆိုင်မှ ကြိုဆိုပါတယ်ရှင့်..."

ဆိုင်ရှေ့တွင် အနီရောင်ဝမ်းဆက်လေးဝတ်၍ လက်လေးနှစ်ဖက်ကိုထပ်ကာ လူကြီးလေးလိုရပ်၍ လူတစ်ယောက်ဝင်လာတိုင်း ကြိုဆိုနေသည့် သမီးလေးကြောင့် စားဖိုဆောင်ထဲမှ ပမာ့မှာ သဘောတွေကျနေရ၏။ ဒီလိုနှုတ်ဆက်ရမယ်လို့ အကိုသင်ပေးထားတာဖြစ်ပြီး လူလာတိုင်းပြုံးပြခိုင်းထား၍ သမီးက လူတိုင်းက်ိုပြုံး​ပြနေတော့သည်။

"ပုံ့ပုံ့ခေါက်ဆွဲကြော်ဆိုင်မှ ကြိုဆိုပါတယ်ရှင့်...ကြီးကြီးလာထိုင်"

"အရုပ်မလေးထင်နေတာ ပုံ့ပုံ့တို့များ မတွေ့ရတာကြာလေ ပိုချစ်စရာကောင်းလာလေပဲတော့"

"အဟီး..."

"ပမာရေ အစ်မကို ကြာဇံကြော်ဝက်နဲ့ နှစ်ပွဲပေးဟေ့..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Dove le storie prendono vita. Scoprilo ora