အတွဲ- ၃၊ အခန်း- ၉။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"သမီးလေး သမီး"
ပုံ့ပုံ့ရဲ့ အမေအရင်းဟာ ပုံ့ပုံ့ဆီသို့ ပြေးလာပြီး ကုတင်ပေါ်မှပုံ့ပုံ့ကို အတင်းဖက်တော့၏။
"မာမီ့သမီးလေး..."
ယုနွယ်ကို ပြန်မဖက်ပေမယ့် သမီးကို ယုနွယ် တင်းနေအောင်ဖက်ထားပြီး စိတ်ကိုလွှတ်ချ၍ ငိုပါတော့သည်။
"မာမီတောင်းပန်ပါတယ်သမီးရယ်...မာမီ့ကြောင့်သမီးလေးအခုလို ဖြစ်ရတာပါကွယ်..."
ပုံ့ပုံ့လက်ညိုးကို ကိုင်ကြည့်လာတော့ ပုံ့ပုံ့လက်ကို နောက်ပြန်ယူလိုက်ပြီး လက်ဖဝါးနှင့် ဖိဆုပ်ပြီးဖွက်ထားလိုက်၏။
မေမေက ပြောထားတယ် ပုံ့ပုံ့လက် ခိုက်မိထားလို့ သနားသလိုကြည့်ရင် အကြည့်မခံရဘူးတဲ့။ ပုံ့ပုံ့လက်ခိုက်မိတာ ဘယ်သူမှ သနားစရာမလိုဘူး။ လက်ကြောင့် ပုံ့ပုံ့တစ်ဘဝလုံး ထိခိုက်သွားတာမဟုတ်ဘူးတဲ့။လက်ကပုံ့ပုံ့ရဲ့ ပျော့ကွက်မဟုတ်ဘူး ဒါ့ကြောင့် အဲ့လိုကြည့်ရင် အကြည့်မခံနှင့်ဟု မှာထား၍ ပုံ့ပုံ့တစ်လုံးမကျန်အောင်မှတ်ထားသည်။ ပုံ့ပုံ့အားလုံးကို နားမလည်ပေမယ့် နောက်ကျ မေမေပြောတာတွေကို နားလည်လာမှာ။ အဲ့တော့ မေမေ့စကားကို အခုနားထောင်ရမယ်။
"မာမီက စိတ်မကောင်းလို့ပါကွယ်...မာမီသာရှိရင် သမီးလေးအခုလိုမဖြစ်ဘူး...အဟင့်...ဟင့်..."
"ရေဘေးဆိုတာ သဘာဝဘေးတဲ့...မေမေပြောထားတယ် သဘာဝဘေးဆိုတာ လူတွေကြိုတင်ပြင်ဆင်လို့ရတာမဟုတ်ဘူးတဲ့..."
"ဟုတ်တော့ဟုတ်ပေမယ့်..."
သမီးလေးရဲ့အကြည့်တို့ဟာ ယုနွယ်အပေါ် သူစိမ်းဆန်လှသည်။ ယခုထိ ယုနွယ်ကိုလဲ မာမီဟု တစ်ခါမှ မခေါ်သေးပါပေ။
"သမီးလေးမာမီ့ကို မာမီလို့ တစ်ခါလောက်ခေါ်ပါလားသမီးရယ်...မာမီကြားချင်လို့ပါ..."
ပုံ့ပုံ့ခေါင်းရမ်းပြလိုက်သည်။
ယုနွယ်မှာ ကိုယ့်အပြစ်နှင့်ကိုယ်မို့ သမီးကို ဖိအားမပေးချင်လှပါပေ။ ယခုလို သမီးလေးကို ဖက်ခွင့်ရပြီး စကားပြောခွင့်ရရုံနှင့်တင် ကျေးဇူးတင်လှပါပြီလေ။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
