အခန်း - ၂၁
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
စိမ်းစိမ်းစိုစိုနှင့်ရှိနေသည့် မြက်ခင်းပြင်နှင့်အတူ အရိပ်ကောင်းသည့် အပင်အောက်တွင် ပမာတို့ထိုင်နေကြတော့သည်။ လေလေး တဖြူးဖြူးနှင့် အေးမြနေသည့်အတွက် သမီးလေးက မှိန်း၍နေတော့၏။
မကြာပါ ပမာတို့ဘက်သို့ ဆိုင်ကယ်နှစ်စီး မောင်းလာသည်ကို တွေ့လိုက်ရပါတော့သည်။
"လာပြီညီမ "
အသိအမှတ်ပြုစွာဖြင့် ပမာပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"အာစရိရေ ရောက်ပြီဗျ"
"အဟမြးအဟမြး...."
"ကိုဘုန်း ဟုတ်တယ် ကိုဘုန်း....ဒါက သံပုရာရည် ဒါက ရှူဆေး..."
"သမီး လာမေမေ့ဆီလာ"
သမီးကို လက်ပြောင်းပွေ့ချီလိုက်ပြီး သံပုရာရည်လေးတိုက်လိုက်သည်။
"ပြန်တော့မယ်ကိုဘုန်း ဆိုင်ကယ်က ဆီအပြည့်ပဲ အကြိုက်သာမောင်း..."
"နေအုံးကွ ဆိုင်ကယ်ဦးထုတ်ရော ဘယ်မှာတုန်း "
"အော် အဲ့တာပြောဖို့မေ့နေတာ ကျွန်တော်တို့က ဆိုင်ကယ်မင်းသားတွေဆိုပေမယ့် ဦးထုပ်မဆောင်းကြဘူးဗျ ပွဲရုံမှာလဲ တစ်လုံးမှမရှိကြဘူး"
"ကလေးလဲပါသေးတာကိုကွာ တစ်လုံးလောက်ဖြစ်ဖြစ် ရှာတော့မရှာခဲ့ဘူး မဟုတ်လဲဝယ်ခဲ့တာမဟုတ်ဘူး"
"ကိုဘုန်းပဲ မြန်မြန်ဆိုတော့ အဲ့တာတွေလဲ အချိန်ပေးပြီးလိုက်မရှာတော့တာ ရှူဆေးတောင် ဒီဘက်လမ်းက ဆိုင်က ဝယ်လာလို့ပါလာတာဗျာ..."
"မင်းတို့ကောင်တွေကလဲ ပြသနာပဲကွာ မင်းတို့ပထွေးတွေဖမ်းရင်တော့ကားမှာဟ..."
"အဲ့ဘက်မှာမဖမ်းဘူးကိုဘုန်း ကျွန်တော်တို့စုံစမ်းပြီးပြီ အေးဆေးမောင်း "
"ထားပါတော့ သွားသွား ပြန်တော့"
"ဘိုင့်ရီ...အာစရီရေ သွားပြီ"
ပြန်ခါနီး စသွားသည့် ကောင်များကြောင့် ဘုန်းစေ လက်သီးထောင်ပြလိုက်သည်။
သံပုရာရည်သောက်လိုက်တော့ အမူးပြေသွားရသည်ကြောင့် ပုံ့ပုံ့ကြိုက်ပါသည်။ အစောထဲက ဒီအအေးလေးသောက်ရရင် ကောင်းမှာ။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
