အတွဲ- ၄၊ အခန်း- ၁
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ကလင် ကလင်...ကလင်..."
"ဟုတ်ကဲ့ ဆရာဝန်မကြီး ပုံ့ပုံ့ပြောနေပါတယ်ရှင့်"
"ဟုတ်ကဲ့ဗျ ကျွန်တော်က ကျောင်းဆရာပါ
...အခု ကျွန်တော့ အမေ သွေးတိုးပြီး မထနိုင်တော့လို့ ဆရာဝန်မကြီးကို လှမ်းပင့်တာပါဗျာ့"
"အော် ဘယ်နားလေးလဲရှင့် ဆရာဝန်မကြီးလာခဲ့ပါ့မယ်"
"ဟို ဗိိုလ်ချုပ်အောင်ဆန်းလမ်းကပါဗျာ အဲ့နားရောက်ရင် ကျွန်တော်လာခေါ်ပါ့မယ်"
"ဟုတ်ပြီဟုတ်ပြီ...အင်း... နောက်ဆယ်မိနစ်ဆို ရောက်မယ်နော် "
ဖုန်းချသွားသည်နှင့် ထည့်စရာရှိတာတွေထည့်သည်။
"ဟိုကောင်မလေး ဆေးခန်းကိုသေချာကြည့်နော် လူနာတွေလာရင် ဆရာဝန်မကြီး ပုံ့ပုံ့အပြင်လူနာသွားကြည့်တယ်လို့ပြောထားပေး"
"ဟုတ်ဆရာဝန်မကြီး သမီးကြည့်ပေးထားပါ့မယ်ရှင့်"
"လူနာတွေက အရမ်းများတာပဲ ဟိုကခေါ် ဒီကခေါ်နဲ့ အေးပေါ့လေ အရမ်းတော်တဲ့ ဆရာဝန်မကြီးကလဲ ငါပဲရှိတာကို...ဒီတစ်ရပ်ကွက်လုံးကို ငါပဲစောင့်ရှောက်နေရတယ် အားလုံးက ငါ့ခေါင်းပေါ်မှာကြည့်ပဲ ဟူး...မောလို့ ထိုင်ချိန်တောင်မရဘူး"
"ဆိုင်ကယ်နဲ့သွားရမလား စက်ဘီးနဲ့သွားရမလား...အိုး ဆိုင်ကယ်နဲ့က မြန်တယ် ဆိုင်ကယ်နဲ့ပဲ သွားမယ်...အို ဒီဆံပင်ကလဲ ရှည်လိုက်တာ ရှုပ်နေတာပဲ"
ဆံပင်ကိုသပ်၍ ဆိုင်ကယ်ကိုထုတ်ပြီး ပုံ့ပုံ့မောင်းလာခဲ့ပါသည်။
"ဟယ် အလှူခံဖလားတွေ အယ်... မှားလို့ မော်တော်ပီကယ်တွေလို့ပြောတာ...နောက်ပြန်ပြေးလို့လဲ မမှီတော့ပါဘူးလေ "
"ပီပီ...ပီပီ..."
"ဟဲ့ ငါကြားပါတယ် နားနားကပ်မှုတ်မနေနဲ့"
"မကြားမှာဆိုးလို့ မှုတ်တာဗျ"
ပီပီကြီးကုန်းမှုတ်နေတာကို ရပ်လိုက်သည်။
"အစ်မကို စစ်စရာရှိလို့"
"ဘာကြီးလဲ ငါ့မောင်"
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
