Part - 26

13.4K 415 16
                                        

အခန်း - ၂၆
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"ခါးလေးလှုပ်ကာ လမ်းလျှောက်လိုက်ရင် ကောင်လေးတွေကြည့်တယ်..."

"မျက်လုံးလေးမှိတ်တစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပြုံကြီးပါလာတယ်..."

*ဝုတ် ဝုတ်...*

"မေမေ့...ခွေး..."

မုန့်သွားဝယ်ပြီး ပြန်အလာတွင် ပုံ့ပုံ့သီချင်းဆိုလာသည်ကို အိမ်ထဲဝင်ခါနီးမှ လမ်းဘေးက ဖြတ်သွားသည့်ခွေးက ထဟောင်ပြီး မာန်တော့ ပုံ့ပုံ့အော်ရင်း အိမ်ထဲပြေးဝင်လိုက်သည်။

"ပုံ့ပုံ့တို့ကတော့ ခွေးတောင်အမြင်ကပ်အောင် အသံကောင်းတာပဲဟေ့...ဟားဟား..."

"တီအေးလှိုင်ကလဲ မီးပုံ့အသံက ချိုပါတယ်နော် ခွေးက ချိုလွန်းလို့ဟောင်တာနေမှာ နော့မေမေ"

"ဒါပေါ့​ဒါပေါ့ မေမေ့သမီးအသံလေးက ချို​မှချို"

"​အဟီး...တီအေးလှိုင်ကြားလား...မေမေက ပြောတယ် ချိုမှချိုတဲ့..."

"အေးပါတော်အေးပါ ဒီသားမိကို ကျုပ်တော့ အနိုင်မပြောနိုင်ပါဘူးတော်"

.......

စာရေးစားပွဲတွင်ထိုင်၍ ဟိုဆွဲဒီဆွဲနှင့်ဆွဲနေသည့်ဘုန်းစေမှာ ဘေးတွင် TV အေးဆေးမကြည့်ပဲ သူဘေးလာလျှောက်နေသည့် ငလက်မကြောင့် ကောင်းကောင်းအာရုံစိုက်၍မရ ဖြစ်ရသည်။

"ဦးဦးဘာလုပ်နေတာလဲ"

"ပျင်းလို့စာရေးနေတာ"

"ဘာလို့ပျင်းတာလဲ"

"အလုပ်မရှိလို့"

"ဒါဆိုအလုပ်လုပ်လေ"

"ပျင်းလို့မလုပ်ဘူး"

"မလုပ်လို့ပျင်းတာလေ"

"ရော်...ပျင်းလို့မလုပ်တာပါဆို"

"အေးလေ ဦးဦးပျင်းတာ အလုပ်မလုပ်လို့ပေါ့"

"အလုပ်လုပ်ရမှာပျင်းလို့ကွ..."

"ရှုပ်နေတာပဲဦးဦးရာ..."

"ငါ့ဟာငါတောင်ရှုပ်နေပါတယ်ဆို မင်းမေးမှပဲ ပိုရှုပ်သွားတော့တယ်"

"ဒါဆို ဘာရေးနေတာလဲ"

"အမ်း ပုံ..."

"ပြ​ပါလား"

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя