အတွဲ ၃၊ အခန်း ၇
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ပုံပမာဟုသောနာမည် မဖြစ်တည်လာခင်တွင် ရွယ်ရွယ်ထွန်း ဟုသောနာမည်ဖြင့် ပမာ့ဘဝကို အစပြုခဲ့ရပါသည်။
ထိုင်နေကျနေရာ၊ တွေ့နေကျ ကန်ဘောင်တွင် ရွယ်နှင့် အထူးတို့ တွေ့ဖြစ်ကြသည်။ ဒါပေမယ့် ဤတစ်ကြိမ်သည် နောက်ဆုံးနှုတ်ဆက်သည့် အကြိမ်သာဖြစ်သည်။
"နင်ပြောတော့ နင်တို့က မောင်နှမလိုပါဆိုအထူး"
"ကျွန်တော်ရှင်းပြမယ် မ "
"ဘာကိုလဲဟယ် မဖုံးနိုင်မဖိနိုင်တွေ ထပေါ်လာတဲ့အထိရောက်နေပြီတောင် နင်က ငါ့ကိုဆက်ညာချင်နေသေးတာလား ဟုတ်လား"
"ကျွန်တော်...ကျွန်တော်..."
"နင်မလို့ငါ့ကို လုပ်ရက်တယ်...ငါနင့်အပေါ် ဘယ်လောက်ထိမျှော်လင့်ထားလဲ နင်အသိဆုံးဟာ...နင်မလို့..."
တစ်ကိုယ်လုံပင် တဆက်ဆက်တုန်ယင်လာသည်အထိ စိတ်တိုမိသလို၊ မခံမရပ်နိုင်လဲ ဖြစ်ရသည်။
ရွယ့်ရှေ့ဒူးထောက်လိုက်သည့်အထူး၏ပုံရိပ်ကို ယခုနေပြန်မြင်ကြည့်လျှင်တောင် ရွံရှာမုန်းတီးပါသည်။ ရည်းစားကြီးငုတ်တုတ်ရှိပါလျှက်နှင့် တစ်ခြားမိန်းမနှင့် ဖောက်ပြန်သည့်လူကို မုန်းသည်။ တစ်ဖက်က ကိုယ်ဝန်လွယ်ထားရသည်အထိ ရွယ့်ကို တစ်စက်ကလေးမှ စကားမဟပဲ ဆက်လိမ်ညာနေခဲ့တာကြောင့် ပိုမုန်းပါသည်။
"နင့်ဆီက ငါ ပေးထားတာတွေဘာတစ်ခုမှ ပြန်မယူဘူးအထူး...နင်အခုက စပြီး နင့်လမ်းနင်လျှောက် ငါ့ကို ဘာကိစ္စနဲ့မှ လာမပတ်သတ်မိစေနဲ့ မဟုတ်ရင် ငါ့ဘက်က တစ်ခုခုလုပ်မိလိမ့်မယ်"
ကိုယ့်ဘက်က စကားအကုန်ပြောပြီး အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ပေမယ့် တနုံ့နုံ့နှင့်ခံစားနေရသူမှာ ရွယ်သာဖြစ်သည်။ ဘာကြောင့်ဆိုလျှင် ပြောသင့်သည့်စကား အကုန်မပြောခဲ့သည့်အချက်၊ ဖောက်ပြန်သည့်လူကို ရစရာမရှိအောင်ထိ စိတ်လိုလက်ရ ပြောချင်သည့်အချက်၊ ပါးဖြစ်ဖြစ် တစ်ကြိမ်လောက် ရိုက်ခဲ့ချင်သည့်အချက် ထိုအချက်တို့ မလုပ်ခဲ့ရပဲ စကားတစ်ချို့နှင့် ပြန်လှည့်လာခဲ့သော ရွယ်ကိုယ်တိုင်ပင် စိတ်ပျက်မိ၏။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
