အတွဲ ၃၊ အခန်း ၁၃။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"အစ်ကို့..."
"ပြောလေညီမ ညီမ ဘာလိုချင်လို့လဲ..."
"သမီးဖုန်းဆက်သေးလားဟင်"
"မဆက်သေးဘူးညီမ...စောသေးတယ်လေ ဒီအချိန်သမီး ကစားနေမှာပေါ့..."
"အင်း...ဟုတ်ပါတယ်လေ..."
အချိန်လဲ စောသေးတာကြောင့် ပမာ ပြန်လှဲနေပြီး သမီးဖုန်းလာမည့်အချိန်ကို စောင့်ပါသည်။ မကြာပါ မအေးလှိုင်နှင့် အစ်မအကြည်တို့နှစ်ယောက်ဟာ ပမာအိပ်ရာထဲလှဲနေရတယ်ဆိုတာသိကြတော့ သတင်းမေးရင်း တကူးတက စကားလာပြောပေးကြသည်။
"ပမာရယ်...နင်ဘာလို့ ဒီလောက် အ သွားရတာလဲ..."
"ကလေးကို ဘာလို့ပေးလိုက်တာလဲ မိဘအရင်းတွေဖြစ်လဲ ပေးစရာလားပမာရဲ့..."
ပမာ့အမှားတွေပဲမို့ ပမာဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
"ဘယ်လိုပဲ သူတို့ကပြန်ပေးမယ်ပြောပြော ပုံ့ပုံ့ကိုထည့်ပေးလိုက်စရာကို မလိုတာ...သူတို့မလိုချင်လို့ စွန့်ပြစ်ထားကြတာပဲလေ အခုမှ ပြန်လိုချင်နေကြတာ ရူးနေလို့လားသူတို့က"
အေးလှိုင်က ပမာ့အစားမခံချင်လွန်းလို့ ပြောနေတာဖြစ်ပေမယ့် ပမာ့မျက်နှာလဲမကောင်းတာမို့ အကြည်လက်လှမ်းကုပ်၍ တားသည်။
"သားသမီးအတွက် ပူရတဲ့အပူ ဘယ်လောက်ပြင်းလဲ ငါကိုယ်တွေ့ကြုံဘူးပြီးသားပါအေ...ပမာလဲ မတတ်သာလို့ ထည့်ပေးလိုက်ရတာနေမှာပါ..."
"တစ်ပတ်ပြည့်လို့မှ ပြန်မပို့ရင် သွားခေါ်နော်ပမာ...ပုံ့ပုံ့လေးက ဒို့ရပ်ကွက်ရဲ့ဆည်းလည်းလေးအေ့...ဒို့ရပ်ကွက်ထဲ ပုံ့ပုံ့ကြာကြာမရှိလို့မဖြစ်ဘူး"
"ဒါတော့ဟုတ်တယ် ငါဆိုလဲ သားအောင်အောင်လေး မရှိတော့ထဲက ပုံ့ပုံ့လေးကိုကြည့်ပြီးပဲ စိတ်ဖြေနေရတာ...ငါ့ကလေးကို လက်လွှတ်လိုက်ရပေမယ့် ပုံ့ပုံ့လေးသက်ရှိထင်ရှားရှိနေသေးလို့ အဆိုးထဲက အကောင်းဆိုပြီး ဖြေသိမ့်နေရတာ..."
အဖြစ်ဆိုးတွေကို ပြန်တွေးမိတော့ ပမာမွန်းကျပ်လာရသည်။
"သမီးပုံ့ပုံ့အပေါ် ငါအရင်က မကောင်းခဲ့ပါဘူးအေ...ကလေးကို ငါဆိုးဆိုးရွားရွားတွေဆက်ဆံခဲ့တာ...ငါ့သားလေးမရှိတော့တဲ့နောက်ပိုင်းကျ ပုံ့ပုံ့လေးကပဲ နေ့တိုင်း ငါ့အိမ်လာပြီး အဖော်ပြုပေးတာ..."
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
