သင်္ကြန်ပွဲတော်

8.7K 263 10
                                        

"ဗွမ်း....."

"အောင်မလေးတော့..."

"သူငယ်ချင်းတို့ရေ...ပက်မယ်ဟေ့...."

"ဗွမ်း...."

သမီးတို့ကစားနေသည့် နေရာမှ ဖြတ်သွားသည့်ပမာ့ကို သမီးကအရင်ဦးအောင်ပတ်ပြီး ကျန်ကလေးတွေကို နှိုးဆော်လေတော့ ကလေးတွေကလဲ ဝိုင်းပက်လေတော့သည်။

ပမာ့မှာ အအေးလေးသောက်ချင်၍ ခဏလေးထွက်ဝယ်သည်တောင် သမီးပက်လို့ အင်္ကျီတွေတစ်ဖန်ပြန်စိုကုန်တော့၏။

"ဒီနားတင်ဆိုညီမရဲ့ စိုလာတာလား"

"ဟုတ်ပါ့အစ်ကိုရယ် သမီးပေါ့ ပမာ့ကိုစိုအောင်ပက်လိုက်တာ"

"ဟာ သမီးပက်လိုက်တာလား"

"အင်း...ပြောလို့ရမယ်ထင်လို့လေ ပမာဖြင့်မပြောရသေးဘူး သမီးက ဦးအောင်ပက်လိုက်တာ အင်္ကျီပြန်လဲရတော့မယ်"

"ဟားဟား...အိမ်မှာပက်ရတာမဝလို့ လမ်းထိပ်ထိ သွားပက်တာပဲကွ ဟားဟား..."

နေ့လည် ၂ နာရီခန့်တွင် မိက်ကပ်လိမ်းပေးပါဟုပြောပြီး ပမာ့ကိုလိမ်းခိုင်းသည်ကြောင့် သမီးမျက်နှာနုနုလေးပေါ်တွင် မိက်ကပ်လေးများ လိမ်းခြယ်ပေးလိုက်ရသည်။ ပြီးသည်နှင့် ဝယ်ထားသည့် အင်္ကျီအသစ်ကိုသွားလဲဝတ်ပြီး ရေပြွတ်သေနပ်ကို ကိုင်၍ အိမ်ရှေ့သို့ ထွက်လာတော့ အစ်ကိုနှင့် ကိုကိုဟာ သမီးကိုကြည့်ပြီး လက်ခုတ်တွေထတီးတော့သည်။

လက်တစ်လုံးကြိုးပြတ်အနက်ရောင်မှာ ခါတိုလေးဖြစ်သည်ကြောင့် ဗိုက်ကလေးပေါ်နေပြီး အောက်တွင်တော့ ပန်းရောင်စကပ်အတိုကားကားလေးကို သမီးကဝတ်ထားသည်။

နေကာမျက်မှန်အမဲရောင်တပ်ထားသည့် မျက်နှာမှာ အပေါ်သို့မော့ချီ၍ လက်တစ်ဖက်ဟာခါးထောက်ထားပြီး နောက်လက်တစ်ဖက်မှာတော့ ရေပြွတ်ကိုပခုံပေါ်သို့တင်ထားကာ စတိုင်ဖြင့် ရပ်နေသည့် သမီးပုံလေးကြောင့် ပမာလဲ ရယ်မိ၏။

"မိုက်လှချည်လားသမီးရ"

"မီးပုံ့က မိုက်မိုက်ပဲ"

"ဟားဟား..."

"ဖက်ရှင်းဆိုတာ ဖေဖေတို့မသိပါဘူး...လမ်းထဲက ကလေးတွေက အကုန်နော်မဲပဲ မီးပုံ့ပဲ ဖက်ရှင်းအပြည့်နဲ့ မိုက်နေတာနော့မေမေ့"

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя