အတွဲ ၃၊ အခန်း ၃။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
သမီးလက်ကိုဆွဲပြီး ဈေးတစ်ပတ်ပတ်ပြီး မှာလိုက်သည့်ပစ္စည်းအစုံရှာဝယ်သည်မှာ ခရုဆီ တစ်ဗူးသာ ဝယ်ဖို့ရှိတော့သည်။
"ဖေဖေ့....မီးပုံ့ကြိုက်လို့"
"လှသားပဲသမီးရ"
"ဝယ်ပေးဝယ်ပေး...အဲ့အင်္ကျီလေးဝယ်ပေး..."
အင်္ကျီဆိုင်၏ ရှေ့မျက်နှာစာတွင်ချိတ်ထားသော သမီးအရွယ်ဝတ်အင်္ကျီအဖြူရောင်လေးကိုကြည့်ပြီး ဘုန်းစေ ဝယ်ပေးဖို့ဆိုင်ထဲဝင်သွားလိုက်ပါသည်။
"ဒီအင်္ကျီလေးတစ်ချက်လောက်ပြပါဗျ"
အင်္ကျီလေးကို ဖြုတ်ပြသည့်အခါ သမီးက ဟိုလှန်ဒီလှန်၊ ဟိုလှည့်ဒီလှည့်နှင့် ကြည့်လေသည်။
ဘလင်းဘလင်းမျက်လုံးလေးများဖြင့် သမီးက ဘုန်းစေကို မော့ကြည့်လာသည်။
"မီးပုံ့ကြိုက်တယ်ဖေဖေ"
"ဟုတ်ပါပြီဗျာ..."
"ဒါဘယ်လောက်လဲဗျ..."
"၂၅၀၀၀ ပါရှင့်"
"ဈေးက များတယ်နော့..."
"ဒါပုံမှန်ဈေးပဲအစ်ကို ကလေးဝတ်တွေက လူကြီးဝတ်တွေထက် ဈေးပိုကြီးကြတယ်...ဒါလေးက ဒီတစ်ထည်ပဲ ကျန်တော့တာ"
ဘုန်းစေ သမီးကိုငုံ့ကြည့်လိုက်တော့ ခေါင်းလေး တဆက်ဆက်ညိမ့်ပြပြီး လိုချင်ကြောင်း ဟန်လုပ်ပြလေသည်။
"ဒါလေး...အယ်ကွာ...နေပါအုံး ပိုက်ဆံ မလောက်တော့ဘူးထင်တယ်..."
"ဟင်..."
ခါးကြားမှ ပိုက်ဆံအိတ်ကိုထုတ်ကြည့်မိတော့ ၅၀၀၀ တန် နှစ်ရွက်သာ ရှိတော့သည်ကို တွေ့ရပါသည်။
"သမီးရေ..."
"မီးပုံ့က ဒါယူမှာ...ရဘူး..."
"ဖေဖေဝယ်ပေးမှာပါသမီးရဲ့...အခုလောလောဆယ်က..."
"ရဘူး....အခုအိမ်ကိုယူသွားချင်တာ..."
အင်္ကျီကို ထွေးပိုက်ထားသည့်သမီးက ဘုန်းစေကိုပင်မကြည့်တော့ပဲ အင်္ကျီကိုသာ အတင်းဆွဲဖတ်ထားလေတော့သည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
