Season- 2, Part - 4

10.9K 380 82
                                        

အတွဲ ၂။ အခန်း ၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"အီးမေမေ့..."

သမီးငိုသံကြားသည်နှင့် ဟင်းအိုးပလက်ကို ဆွဲဖြုတ်ကာ ပမာအမြန်ပင် ရှေ့ထွက်လာလိုက်သည်။

"ဘာလို့လဲသမီး ရန်ဖြစ်လာတာလား...ဘယ်သူလုပ်လို့လဲ..."

"အန်တီအကြည်...အန်တီအကြည်က မီးပုံ့ကို ကောက်လာတဲ့ကလေးတဲ့...အီး..."

ပမာ့ဒေါသများ ချက်ချင်းပင် ထောင်းခနဲထွက်လာရသည်။

"အဲ့လို​ပြောတာလားသမီး"

"ပြီးတော့...လင်ကောင်မပေါ်ပဲမွေးတဲ့ကလေးတဲ့ မီးပုံ့ကိုလည်း အရူးပါးတဲ့...အီး...မေမေ့ကို မြွေမ လို့လည်း ပြောသေးတယ်...မီးပုံ့ကိုဆူလိုက်တယ်မေမေ့...အီး..."

ပမာ့ကိုကြိုက်သလိုပြောလို့ရတယ် ဒါပေမယ့်သမီးကိုတော့ ​ပြောချင်သလိုပြောလို့မရဘူး...။ အေး...ပြောလာပြီဆိုရင်လဲ မှတ်လောက်သားလောက်အောင် ပညာပေးပစ်လိုက်မယ်...ကြည့်နေတာ ရှေ့ရက်တွေထဲက သမီးကို အနိုင်ကျင့်လွှတ်နေတာကို မသိချင်ယောင်ဆောင်ပေးထားတာ အခုတော့ မရတော့ဘူး...ဒီဟာမ ပမာ့အကြောင်းသိအောင် လုပ်မှကို အပိုးကျိုးမှာ။

"သမီးရှေ့ထွက်မလာနဲ့နော်...ဘာအသံကြားကြား ထွက်မလာခဲ့နဲ့..."

"အီးမေမေ့..."

ခေါင်းစည်းကြိုးယူကာ ဆံပင်အုံလုံးသိမ်း၍ ဆံထုံးထုံးပြီး ထဘီကိုလဲ တင်းနေအောင်ပြင်ဝတ်လိုက်သည်။ ပြီးသည်နှင့် အိမ်ရှေ့သို့ထွက်လိုက်ပြီး မအေးလှိုင်တို့၏ အိမ်ရှေ့လမ်းတွင် ပမာခါးထောက်၍ ရပ်၏။

"အကြည်...ဟဲ့အကြည်....လာပါအုံး ​ထွက်ခဲ့ပါအုံး..."

"ငါပြောပါတယ်အကြည်ရယ်...ပြဿနာမရှာပါနဲ့ဆို အခုတော့ မီးပွင့်ပြီ"

"အို ကြောက်မနေပါဘူး..."

ထိုင်နေရာမှ အကြည်ထရပ်လိုက်ပါသည်။

"ဘာဟဲ့...ငါ့ကိုများအကြည်တဲ့...ညည်းကိုယ်ညည်းဘာများထင်နေတာလဲ..."

"ငါ့ကိုယ်ငါဘာထင်နေလဲ အေး... ပြောပြမယ်...လာစမ်းပါ ...ဒီကိုလာခဲ့စမ်းပါ..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя