Season- 3, Part- 17

6.8K 313 37
                                        

အတွဲ- ၃၊ အခန်း- ၁၇။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"ညီမ နည်းနည်းဖြစ်ဖြစ် နားပါအုံးလား..."

ပမာ ခေါင်းရမ်းပြပါသည်။

သမီးကို မြင်လိုက်ကတည်းက ငိုနေသည့် ညီမဟာ ယခုထိ အငိုမတိတ်သေးတာဖြစ်သည်။ သမီးလေး သတိပြန်မလည်လာသေးပေမယ့် ဘေးကင်းသွားပြီဖြစ်သည်ဟု ဆရာဝန်က ပြောပြသွားသည်ကိုတောင် ညီမက သူ့ကိုယ်သူအပြစ်တင်ကာ ငိုနေဆဲ ဖြစ်ပါသည်။

"သမီး​ကို ကြည့်ပါအုံး..."

ဘုန်းစေ သမီးကို ကြည့်လိုက်တော့ သနားစိတ်တို့ ဖြိုင်ဖြိုင်ပေါ်ပေါက်လာပါသည်။ ငါ့သမီးလေး။

"ဒီလောက် လူကောင်သေးသေးလေးကို မရေတွက်နိုင်အောင် ရိုက်ထားတာများ ရစရာတောင် မရှိဘူးအစ်ကိုရယ်..."

ပြောရင်းဖြင့် အသံတွေတုန်ယင်လာကာ ပမာ မျက်ရည်တို့ အဆက်မပြတ်စီးကျလာပါသည်။ မျက်လုံးတွေ မို့အစ်နေမှန်းသိပေမယ့် ပမာ မရပ်တန့်နိုင်သေးပါပေ။ ယခုမှာ သမီးကို မျက်စိအောက်က အပျောက်မခံနိုင်တော့သလို ကြည့်မိတိုင်းလဲ ငိုမိသည်။

"မေ့သမီးဆီမှာမှ ဘာလို့ ဝဋ်ကြွေးတွေကြီးနေရတာလဲ သမီးရယ်..."

"အေးအေးချမ်းချမ်းနဲ့ အပူပင်ကင်းကင်း ဖြတ်သန်းစေချင်ပါတယ်ဆိုမှ ဘာလို့ ဒုက္ခတွေပဲ ကြုံတွေ့နေရတာလဲ...အီး..."

"သိလား သမီးခံစားနေရတာတွေက ညီမကြုံခဲ့ရတဲ့ ဒုက္ခတွေထက် ပိုများနေပြီအစ်ကိုရဲ့..."

"ညီမတောင် သမီးလောက် အဖြစ်ဆိုးဆိုးနဲ့ မကြုံခဲ့ရဖူးဘူး သမီးမှ သမီးမှ...အီးဟီး..."

"သမီးလေးကိုကြည့်ပါအုံး အခုမှ ၇ နှစ်ပြည့်မယ့် ကလေးလေးက ရေဘေးမှာလဲ အလူးအလဲ ခံခဲ့ရတယ် အခု မိခင်အရင်းက ရိုက်ပြန်တော့လဲ မသေရုံတမယ်ပဲ ညီမ ဘယ်လိုဖြေရပါ့မလဲ..."

"ညီမအမှားဆိုတာမျိုး မရှိဘူးလို့ပဲ အစ်ကိုထပ်ပြောချင်တယ်...ကံပါလာလို့ ဖြစ်သွားတယ်ပဲ တွေးပါကွာ..."

ညီမက ခေါင်းရမ်းပါသည်။

"ကံပါလာတာ မဟုတ်ဘူးအစ်ကို ညီမတို့ အ လို့ အခုလို ဖြစ်သွားခဲ့တာ သမီးကို ညီမတို့ ပေးလိုက်လို့ အခုလိုဖြစ်ခဲ့တာ အဲ့တာ ကံပါလို့မဟုတ်ဘူး..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora