အခန်း - ၁၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
မနက်ဖြန်ဆိုကျောင်းတတ်ရတော့မည်ကြောင့် သမီးလေးကပျော်နေသလို အားတိုင်းစာအုပ်လေးတွေကို သွားသွားထုတ်ကြည့်နေတတ်၏။ စာအုပ်ပေါ်တွင် နာမည်ထိုးထားတာလေးကို ကြည့်ပြီး တပြုံးပြုံးဖြစ်နေသည့် သမီးက ကျောင်းတတ်ဖို့အတွက် ရင်ခုန်နေ၍ဖြစ်မည်။
"အမလေး မေမေတော့မူးတောင်မူးလာပြီ"
"မေမေနေမကောင်းလို့လား..."
"မဟုတ်ပါဘူး စာအုပ်တွေပြေးပြေးထုတ်ကြည့်နေတဲ့သမီးကိုကြည့်ပြီး မေမေကမူးလာတာ အမလေးလေး...မူးလိုက်တာ"
မေမေက ပြုံးပြီး ပုံ့ပုံ့ကို စ နေသည်ကိုသိတော့ စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ခဲ့ပြီး မေမေ့ဆီပြေးသွားလိုက်၏။
"မီးပုံ့နှိပ်ပေးမှာပေါ့..."
"လာမေမေ နှိပ်ပေးမယ်"
ပမာ့နားထင်ကိုနှိပ်ပေးသည့်သမီးက ပါးစပ်မှလဲ ကျောင်းတတ်ရန် အရမ်းပျော်နေကြောင်းတွေ ထုတ်ပြောလေသည်။
"မေမေသိလား မီးပုံ့ကလေ ဝလုံးလဲ ဝိုင်းတတ်နေပြီ ကကြီး ခခွေးလဲ ရေးတတ်နေပြီဆိုတော့ ကလေးတွေထဲမှာ မီးပုံ့ကအတော်ဆုံးပေါ့နော့.."
"ဒါပေါ့သမီးရဲ့"
"ဟီး...သားသားတို့က ဘာမှမသင်ရသေးဘူး မီးပုံ့ကိုကမေမေသင်ပေးထားတာဆိုတော့တတ်နေပြီ သားသားကိုပြန်သင်ပေးလို့ရပြီမေမေရဲ့ ဒါဆိုမီးပုံ့ဆရာမကြီးဖြစ်နေပြီပေါ့နော်..."
"ကျောင်းကဆရာမပြီးရင် မေမေ့သမီးလဲဆရာမကြီးပဲ"
"အဟစ်အဟစ် ဆရာမကြီးဖြစ်ပြီကွ...."
.......
ပုံ့ပုံ့တစ်ယောက်ထဲ အရွက်တွေခူးပြီး အစ်မကြီးဟင်းချက်တိုင်းကစားနေတုန်းပင် ဦးဦးထက်ဘုန်းစေ၏အိမ်ရှေ့သို့ ကားအကြီးကြီးရပ်ထားသည်ကို တွေ့လိုက်ရသည်။
"အဲ့လိုကားကြီးစီးဖူးချင်လိုက်တာ ကားကြီးက ဂျလန်းကြီး..."
"ဘာကြီးတွေတုန်းမသိဘူး"
မြေကြီးကိုဖျော်၍ အရွက်နှင့်ရောပြီး အကြော်ကြော်နေရင်းမှ ပုံ့ပုံ့ထသွားကာ ကားအနားသို့သွားရပ်လိုက်သည်။
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
