Part - 25

12.4K 443 22
                                        

အခန်း - ၂၅
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"မေမေ့..."

"နိုးလာပြီလား "

ဟင်းအိုးလေးတည်ထားသည်ကြောင့် မီးဖိုချောင်တွင်ထိုင်နေသည့် ပမာ့ရင်ခွင်ထဲသို့ ခွေခွေလေးလာထိုင်သည့် သမီးကိုယ်လေးကို စမ်းကြည့်ရသည်။

"အဖျားလေးတော့ကျလာပြီ...မေမေဟင်းကျက်ရင် ထမင်းလေးဖြစ်ဖြစ်စားနော်သမီး အဲ့တာပြီးဆေးသောက်ရမယ် ဒါဆိုပျောက်တော့မှာ"

မေမေ့ကိုမော့ကြည့်လိုက်တော့ မီးပုံ့ဆေးမသောက်ပဲ လွှတ်ပစ်ခဲ့တာတွေကို သတိရသွား၏။ မေမေ ပိုက်ဆံပေးပြီး ဆေးဝယ်ထားတာကို လွှတ်ပစ်မိတာကို စိတ်မကောင်းလဲ ဖြစ်သွားရသည်။

"ဟုတ် မီးပုံ့ဆေးသောက်ပါ့မယ်"

"မေမေ့သမီးလေး...."

ပါးဖောင်းဖောင်းအိအိလေးကို ပမာ ချစ်အားပို၍ ဖိကိုင်လိုက်သည်။

"မေမေ"

"ရှင့်"

"မီးပုံ့အောက်ခဏသွားချင်လို့ "

"ရှူးပေါက်မလို့လားသမီး"

"ဟုတ်"

"မေမေလိုက်ပို့မယ်လေ"

"နေပါမေမေရဲ့ ရှူးလိုက်တည်ပေးတော့ မီးပုံ့က ကလေးဖြစ်သွားမှာပေါ့"

"ဟယ်..."

မသိလျှင် သူလူကြီးလေးပါပေါ့။ ပြောသွားလိုက်ပုံလေးကိုက ပမာ့ရင်ကိုနွေးထွေးသွားစေပါသည်။

"သမီးလေး အခုလို စကားလေးတွေတတ်နေလို့ မေမေပျော်နေရတာပါသမီးရယ်"

.....

"ဦးဦးလိုက်ခဲ့.."

"မ...မလိုက်ဘူးဟေ့ကောင်"

"လာပါ ဦးဦးနဲ့တူတူသွားမယ်လို့....အင့်...လိုက်ခဲ့"

လက်ကိုအတင်းဆွဲနေသည့်ငလက်မဟာ ဆွဲရင်းမနိုင်တော့သည့်ကြောင့် သူ့ကိုခိုစီးရင်းဖြင့် ခြေကန်ဆွဲနေလေ၏။

"ဒါလေးပဲ ယူသွားပါကွာနော်...မလိုက်တော့ဘူး"

"ဦးဦးနဲ့ပဲသွားချင်တာ လာလို့...လိုက်ခဲ့..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Место, где живут истории. Откройте их для себя