အခန်း - ၂၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
သူငယ်ချင်းများနှင့်အတူ ကိတ်ခွဲပြီး စားသောက်၍ ပျော်နေခဲ့သည့်သမီးလေးဟာ ပင်ပန်းသွား၍ ထင်သည် ည ၈ နာရီလောက်တွင်တော့ အိပ်ပျော်သွားပြီဖြစ်လေသည်။
လောဘကြီးပြီး ကိတ်တစ်ခြမ်းလုံး သမီးက သူစားမှာပါဟုပြောပြီး အတင်းချန်ထားသည်မှာလဲ ထမင်းစားပွဲခုံပေါ်မှ အုပ်စောင်းအောက်တွင် ပုံစံမပျက် ရှိနေသေး၏။ ဒီအတိုင်းဆို မနက်ကျ ကောင်းပါ့မလား။ ဘေးအိမ်မှ ကလေးများကို ထပ်ပြီးဝေပေးလိုက်ပြန်လျှင်လဲ မနက်ကျ စိတ်ကောက်အုံးမည်ဖြစ်သည်။
ထားလိုက်ပါမယ်လေ သေချာအုပ်ထားရင် စားလို့ရတာပဲ ဒါလဲ ကိတ်မုန့်ပဲဆိုတော့ အထားခံပါတယ်...။
.......
"နောက်ဆို ဘယ်သွားမယ် ညာသွားမယ် ပြောသွားကြကွ မင်းတို့သားမိတစ်တွေက လုပ်ချင်ရာ လုပ်နေကြတာ...အိမ်မှာရှိတဲ့ ဦးနတ်ကိုယ့်ယောက်ျားကိုတော့ စေ-ာက်ဖက်တောင် မလုပ်ကြဘူး"
"တော့်ကိုမနေ့ညထဲကပြောတာရော မနက်ကျ ပုံ့ပုံ့မွေးနေ့ရှိတယ် ကလေးတွေနဲ့ လျှောက်လည်မှာပါလို့ ကျုပ်မပြောဘူးလား..."
အရက်ခွက်မော့သောက်နေသည့် လူကို အေးလှိုင်မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
"အေးပေါ့....အချိန်ပြည့် မူးပြဲကွဲအောင်သောက်စားနေတဲ့လူဆိုတော့လဲ ကျုပ်ပြောစကား နားထဲဘယ်ဝင်မလဲ...ဟွန်း..."
"နားထဲ ဝင်အောင်ပြောရင် ဝင်တယ်ကွ... ငါ့ကိုအမူးသမားဆိုပြီး သွေးတိုးလာမစမ်းနဲ့နော် အေး...သောက်တယ်စားတယ်ဆိုတာ ပင်ပန်းလို့ကွ ပင်ပန်းလို့...."
"မင်းတို့သားမိတွေကို နေ့မနား ညမနားနဲ့လုပ်ကျွေးရလွန်းလို့ သေလောက်အောင်ကိုက်ခဲနေလို့ အရက်နဲ့ဖြေနေတာကွ...နားလည်လား..."
"အော်...အရက်က ဖြေဆေးကြီးပေါ့လေ.."
"အရက်ရှိလို့ မင်းတို့မိသားစုတွေ ဒီလိုနေနိုင်တာ...ဂေ့...ငါ့ကို မူးတယ်ဆိုပြီး လာမစော်ကားနဲ့....ငါအကုန်သိတယ်..."
"တယ်...ရိုက်ခွဲလိုက်လို့ ဒီိမိန်းမ သွားကျွတ်ချင်နေတာ..."
မူးလာလျှင် အေးဆေးမမူးပဲ ပတ်ရမ်းတတ်သည့် ယောက်ျားကို စိတ်ကုန်လှပါသည်။
KAMU SEDANG MEMBACA
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romansaမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
