အတွဲ ၂၊ အခန်း ၁၂။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
သမီး၏ လက်ဒဏ်ရာကို ဆေးထည့်ရမည်ဖြစ်ပြီး ကြည့်ချင်လျှင် ကြည့်လို့ရသည်ဟု ဒေါက်တာက ပြော၍ ပမာမှာ သမီးကိုဖက်ထားရင်းဖြင့် ကြည့်မည်ဖြစ်သည်။
"မေမေ့..."
"မကြောက်နဲ့သမီး မေမေရှိတယ်နော်...ဘာမှမဖြစ်ဘူး...ခဏလေးပြီးသွားမှာ..."
"ဟင့်..."
မျက်ရည်တွေစီးကျ၍ ကြောက်ရွံ့နေသောသမီးကိုယ်လေးကို တင်းနေအောင်ဖက်ထားပေးသည့် ပမာ့မှာလဲ သမီးနှင့်အလားတူပင် ကြောက်စိတ်ဝင်နေမိ၏။
ညီမ၏ ပခုံးကိုကိုင်၍ ဘုန်းစေလဲ ကြည့်မည်ဖြစ်သည်။ လူအရမ်းများလျှင် သမီးစိတ်ပူမည်ဆိုး၍ ညီမနှင့်ဘုန်းစေတို့နှစ်ယောက်သာ သမီးအနား နေပေးကြပါသည်။
တဖြေးဖြေးချင်း ပတ်တီးဖြည်ချလိုက်သည့်အခါ ပမာ့မှာ အသက်ကိုဝအောင်ရှူ၍ စိတ်ခိုင်ခိုင်ထားရပါသည်။
သမီး၏ လက်ညိုးကလေးဟာ ပမာ့မြင်ကွင်းရှေ့ရောက်လာသည်နှင့် ရင်ဘက်ဝသို့ အလုံးကြီး စို့တတ်လာတော့သည်။ "အမလေး"ဟု တ လိုက်ချင်ပေမယ့် သမီးလေးကြောက်သွားမည်ဆိုး၍ အံကျိတ်ကာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျရင်းဖြင့် ပမာ့စိတ်ကို မနည်းထိန်းရ၏။
"ဘုရား ဘုရား...သမီးလေးလက်ကလေး..."
ညီမပခုံးကို တင်းတင်းဆုပ်ကိုင်ထားရင်း ဘုန်းစေပင် အကြည့်လွှဲလိုက်ရသည်။ သမီး၏ လက်ညိုးထိပ်ကလေးဟာ သိသိသာသာပင် ပြတ်တောက်၍နေသည်။ အရင်နေ့ကတည်းက လက်ကိုဓားခုတ်မိသည့်ဒဏ်ရာဟာ အပြည့်အဝမကောင်းသေးသည်က တစ်ကြောင်း၊ ရေထဲမျောပါရင်းမှ ပိုလို့အခြေအနေဆိုးသွားသည်မှာ သမီးလက်ပြတ်ထားသည့်နေရာမှနေ၍ လက်ထိပ်ကလေးဟာ ပြတ်တောက်လို့နေပါသည်။
ဆရာဝန်၏ စကားအရဆို ရက်ကြာကုသမှုမခံယူထား၍ သမီးလေးလက်မှာ ပြည်တည်ပြီး အခြေအနေဆိုးသွားသည်မှာ လက်ညိုး၏ အပေါ်ပိုင်း နှစ်ဆစ်လောက်ထိ ဖြတ်တောက်ပစ်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
"သမီးရာ...ဖေဖေမကာကွယ်နိုင်လို့ပါကွာ...ဖေဖေ့ကြောင့်ပါကွ...."
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
