အတွဲ ၂၊ အခန်း- ၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"သမီးတစ်ခုခုဖြစ်နေပြီအစ်ကိုရဲ့...သမီးလေး..."
ရင်ဘက်ကိုဖိ၍ အော်ငိုသည့်ညီမကိုဖက်ထားပြီး ဘုန်းစေတွင်လဲ ပြောစရာစကားမဲ့စွာပင် ငိုကြွေးမိသည်။ သမီးကိုကယ်ဖို့လာကြပေမယ့် ယခုမှာတော့ ကိုယ်တွေသုံးယောက်လုံးမှာလဲ ကူရာမဲ့စွာဖြင့် လာကယ်မည့်သူကို စောင့်မျှော်နေရသည့် အခြေအနေဖြစ်နေသည်။
အခြေအနေတွေက ဘာတွေဘယ်လိုဖြစ်ပြီး ဒီလောက်ဆိုးသွားရသလဲ တကယ်ပင် မသိရှိနိုင်အောင်အထိ ဆိုးသွမ်းစွာ ကြုံနေရ၏။
"သမီး...ဖေဖေ့ကိုစောင့်နေပါနော်သမီး...သမီးဆီဖေဖေရောက်အောင်လာခဲ့ပါ့မယ်..."
"မေမေ့သမီးလေး...မေမေ့သမီးလေး အန္တရာယ်ကင်းပါစေကွယ် မေမေလာကယ်ပါ့မယ်..."
"ဦးဦးလာခေါ်မှာမလို့ သမီးရွာထဲမှာပဲ ဘေးကင်းကင်းနဲ့ရှိနေပါစေသမီးရယ်..."
သစ်ပင်ပေါ်ထိုင်နေရင်း လာကယ်မည့်လူကိုစောင့်မျှော်နေရပေမယ့် ကိုယ်စီ၏ အတွင်းစိတ်မှာမူ သမီးလေး ပုံ့ပုံ့ဆီတွင်သာ ရောက်နေကြပါသည်။
...............
ဖုန်းလိုင်းမမိ၍ အကူညီလှမ်းတောင်း၍ မရသလို ဘုန်းစေတို့ဆီသို့လဲ မည်သည့်ကယ်ဆယ်ရေးမှ ရောက်မလာခဲ့ပေ။ သည်လိုနှင့် ည ဆယ်နာရီဝန်းကျင်တွင်တော့ ဘုန်းစေတို့အပင်ရင်းမှ ရေများဟာ တစ်ဖြေးဖြေးလျှော့ကျသွားလေတော့သည်။
ဖုန်းလိုင်းမမိပေမယ့် ဖုန်းအားရှိသည့်အခါ ပါလာသည့် ဖုန်းနှစ်လုံးကို အားချွေတာ၍ အလဲအလှယ်ဖြင့် သုံးကြပါသည်။
ရွယ်လေး သတိထားဆင်း...အပင်က ရေထိထားတော့ ချော်တယ်...
ညီမရရဲ့လား...
ကိုကိုရော အစ်ကို့ကိုရောကို ပမာဘာမှ ပြန်မပြောတော့ပဲ သစ်ပင်ပေါ်မှ အဆင်ပြေသလိုဆင်းချလာခဲ့လိုက်တော့ ရွှံ့နှုန်းများဟာ ပမာ့ပေါင်အရင်းထိ ရောက်လို့နေသည်။
"သမီး"
"အခုသွားလို့မရဘူးညီမ..."
"ဘာလို့လဲ ရွာထဲမှာ သမီးရှိတယ်လေ ဘာလို့သွားမရတာလဲ"
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
