Season- 3, Part - 4

5.9K 195 5
                                        

အတွဲ- ၃၊ အခန်း- ၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"သမီးတို့ ဘယ်များသွား​ကစားတာပါလိမ့်..."

"မအေးလှိုင်တို့အိမ်နောက်ထဲ တစ်ဖွဲ့ကြီးဝင်သွားကြတာပဲအစ်ကိုရေ ဘာတွေသွားလုပ်နေကြတာလဲတော့မသိဘူး..."

"အဲ့နောက်မှာ မာလကာသီးပင်ရှိတယ်မဟုတ်လားညီမ"

"အွန်း...ရှိတယ်အစ်ကို ဘာဖြစ်လို့လဲ"

"အဲ့အပင်ကို သွားတတ်​တာနေမှာကွ..."

အစ်ကိုပြောမှ ပမာသတိထားမိပြီး ဟင်းခနဲ ရယ်ချလိုက်ပါသည်။ ဒါကိုတွေ့တော့ အစ်ကိုကလဲ သူ့သမီးဘယ်လောက်ဆော့ကြောင်းပြောပြပြီး ရယ်ပါတော့၏။

"ပုံ့ပုံ့ နင့်ရှေ့မှာလေ အသီးက အဲ့မှာလေ..."

"ဘယ်မှာလဲ မတွေ့ဘူး ဘယ်နားလဲ"

"နင့်ရှေ့မှာပါဆို...အဲ့လက်နားမှာလေ...တွေ့လား..."

အပင်အောက်မှ ပြုံးပြုံးက မြင်သော်လည်း အပင်ပေါ်မှ ပုံ့ပုံ့ကတော့ အရွက်များဖြင့် ဖုံးနေသည်ကြောင့် မမြင်ရပါပေ။ ဒီတော့ ပြောပြသူ၊ လိုက်ရှာသူနှင့် အိမ်နောက်ဖေးတစ်နေရာတွင် ကလေးတစ်သိုက်ဟာ ဆူညံပွက်လောရိုက်နေကြတော့၏။

"တွေ့ပြီ တွေ့ပြီ ငါတွေ့ပြီ..."

ပုံ့ပုံ့လက်နှင့်သိပ်မမှီသည်ကြောင့် အပင်ပေါ်သို့ နည်းနည်းထပ်တတ်ရန်ကြံပါသည်။ ခြေထောက်စုံထောက်ရန် အဆင်မပြေသည့်အခါ အပင်ကိုင်းနှစ်ကိုင်းဆီသို့ ကားပြီး လှမ်းထောက်တော့၏။ ခြေထောက်နှစ်ချောင်းမှာ အပင်ထိပ်တွင် ကားကားကြီးဖြစ်နေပြီး လက်မှာတော့ ကိုင်းတစ်ကိုင်းကို အားပြုကိုင်ပြီး ကျန်တစ်ဖက်နှင့် အသီးခူးရန်ကြံလိုက်ပါသည်။

"ရတော့မယ်...အင့်..."

"​​ဗြိ..."

"ပုံ့ပုံ့ ဘောင်းဘီပြဲသွားပြီဟေ့...ဟဟား...ပုံ့ပုံ့ဂွကြီးပြဲသွားပြီ..."

"ဟုတ်လား...ငါလဲ ကြည့်မယ်...
သားသားလဲကြည့်မယ်"

"မပုံ့ဘောင်းဘီကြီး ပြဲသွားပြီ ဟားဟား..."

ဘောင်းဘီပြဲသည်ကို အာရုံမရ အသီးခူးဖို့သာ အာရုံရောက်နေသည့် ပုံ့ပုံ့ကို သူငယ်ချင်းတွေအားလုံးက မော့ကြည့်ပြီး ရယ်ကြပါသည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora