Extra- 1

7.6K 249 12
                                        

အခန်းပို (Extra)
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"ကိုကိုရေ...ပုံ့ပုံ့ ရူးပေါက်ချင်နေလို့ ခဏလေးနော်..."

တစ်ဖက်မှ အဖြေကိုပင်မစောင့်တော့ပဲ နောက်ဖေးသို့ ပြေးဝင်သွားသည့် သမီးလေးကြောင့် ပမာကပဲ ကြားမှ ဝင်ပြောရသည်။

"သား...စားပြီးပြီလား"

"ဟုတ်တီလေး"

"ဘာဟင်းလဲသား"

"သားကြိုက်တဲ့ ပုဇွန်ထုပ်တီလေး..."

"ဟင်းကောင်းတာပဲ..."

"သား ကျောင်းပိတ်ရက်ကျ လာလည်မလို့တီလေး ဒယ်ဒီ့ကိုပြောထားပြီ ဒယ်ဒီက လိုက်ပို့မယ်တဲ့..."

"ကောင်းသားပဲသားရဲ့...တီလေးတို့ကတော့ အမြဲကြိုဆိုတယ်နော် သားလာမယ်ဆို သမီးက တအားပျော်နေမှာ..."

"ညီမလေးကို မပြောသေးနဲ့အုံးနော် ...သားရောက်မှ ဝါး ဆိုပြီးလုပ်ချင်လို့ "

"ဟုတ်ပြီဟုတ်ပြီ တီလေး လျှို့ဝှက်ထားပေးမယ်..."

"ဟီး ဟုတ်ကဲ့..."

ပမာတို့အိမ်ကလေး ဆောက်လုပ်၍ ပြီးစီးသလောက်ဖြစ်သွားသည့် အခြေအနေတွင် သားအောင်မြတ်ထူးအတွက်လဲ ခက်ခဲသည့် အချိန်များ ကုန်ဆုံးသွားပြီဖြစ်သည်။

ယုနွယ်ကို တရားစွဲထားသည့် ကိစ္စတွင် ပမာတို့ဘက်မှ အမှုနိုင်ပါသည်။ ဒါ့ကြောင့်  ထိုက်သင့်သည့် အပြစ်ကြွေးအတွက် သူလဲ ပေးဆပ်နေရပြီလေ။ ကလေးတွေမျက်နှာကို ငဲ့ကွက်ချင်ပေမယ့် သားသမီးကို လွန်ကျုးစွာရိုက်ဆုံးမနေသည့် သူ့အပြုအမူများဟာ လက်ခံနိုင်စရာမရှိချေ။ ယခုတော့ သားလေးအောင်မြတ်ထူးဟာ သူ့ဒယ်ဒီနှင့်အတူ နေနေတာမို့ ပမာစိတ်ချ၏။

ကျော်ထူးကတော့ အသိဉာဏ်ရှိတဲ့ လူမလို့ ကလေးအပေါ် ကောင်းပေးနိုင်မည်ဟု ထင်ပါသည်။ သူလဲ အပြစ်ဒဏ်ခံသင့်ပေမယ့် ဒဏ်ငွေလောက်နှင့် ပြီးသွားသည့် အပေါ်တွင်လဲ ပမာ သိပ်တော့ မကျေနပ်ပေမယ့် လက်ခံလိုက်ပါသည်။ 

ဘာပဲဖြစ်ဖြစ်ပါလေ ဖြစ်သင့်ဖြစ်ထိုက်တဲ့လူလဲ သူခံသင့်သလောက် ခံနေရပြီ သားအတွက် လစ်လပ်နေတဲ့ မိဘနေရာကို ကျော်ထူးက ကြိုးစားပြီး ဖြည့်ဆည်းပေးနေပြီပဲ။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora