Part - 3

17.9K 464 37
                                        

အခန်း - ၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

၅ နှစ်ဆိုသည့် အချိန်အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးဖြတ်သန်းပြီးသော်...။

နွေရာသီကုန်ဆုံးလုဆဲအချိန်၊ ရွက်သစ်ဝေ၍ ရွက်ဟောင်းကြွေပြီး ရွက်စိမ်းရင့်ရင့်များ ဖြစ်ပေါ်နေသည့်အချိန်တွင် နေ့လယ် ၁၁ နာရီပဲရှိသေးသည်တောင် အပူအားကြီးနေပြီဖြစ်သည်။

ဤအချ်ိန်အတွင်း ဘာပြောင်းလဲသွားသလဲဆိုလျှင် ပမာ့ရဲ့အတွင်းစိတ်နေစိတ်ထားအားလုံး ပြောင်းလဲသွားခဲ့ပါသည်။

ပတ်ဝန်းကျင်အသစ်တစ်ခုတွင် အခြေတည် နေထိုင်ရသည်မှာ လွယ်ကူသည့်အလုပ်တော့မဟုတ်ပေ။ အသားကျရန် ကြိုးစားရသည်။ နေထိုင်တတ်ရန် ကြိုးစားရသည်။ ဘယ်နေရာမဆို မိမိသည်ပဲဦးဆောင်ရသည်ကြောင့် ခက်ခဲခဲ့ပါသည်။ သားမိနှစ်ယောက်ထဲနေရသည့်အခါ စိတ်လုံခြုံမှုမရပဲ အနည်းငယ်တော့ကြောက်စိတ်ဝင်မိ၏။ အားလုံးကိုသတိနှင့်လုပ်ဆောင်ပြုမူရသည်မှာ မိန်းမသားတစ်ဦးအတွက် လွယ်ကူသည့်အရာတော့မဟုတ်ခဲ့ပေ။

ရည်မှန်းထားခဲ့သည့် ဘဝရည်မှန်းချက် အစီအစဉ်များစွာလဲ ပျက်ပြယ်ခဲ့သေးသည်။ သမီးအတွက် ပမာ ပေးထားခဲ့သည့် ကတိစကားများကို ပမာတည်နိုင်ခဲ့သော်လည်း ပြီးပြည့်စုံစွာ တည်နိုင်ခဲ့ခြင်းတော့ မဟုတ်ခဲ့ပေ။

မြက်ပင်များစိမ်းစိုနေသည့် အိမ်ခြံဝန်းဟာ ယခုအခါ သမီးလေးဆော့ကစားသည့် ဖုန်ထူထူကွင်းပြင်အဖြစ်ပြောင်းလဲလာခဲ့သည်။ ရေနံမဲမဲနှင့် ပျဉ်ထောင်အိမ်လေးအတွင်းတွင်လဲ သမီးဆွဲထားသည့် ရောင်စုံပုံလေးများဟာ နေရာအနှံ့ဝန်းရံနေရာယူထားပါသည်။ အလှကြိုက်သည့်သမီးလေးအတွက် ပန်းအလှလေးများစိုက်ပျိုးထားသော်လည်း နွေရာသီဖြစ်၍ တစ်ချို့ပန်းပင်လေးများဟာ ပျောက်ကွယ်သွားပြီတောင်ဖြစ်သည်။

ရဲစက်စက်နှင့် ရက်သားအရွယ်ကလေးလေးဟာလဲ ဖြူဖြူဖွေးဖွေးနှင့် သိပ်ကိုချစ်စရာကောင်းသည့် သမီးလေးအဖြစ် မှော်ဆန်ဆန်ပင်ပြောင်းလဲလာခဲ့သည်။ သမီးလေး၏ အသွင်သဏ္ဍန်မှာ နက်မှောင်လှပြီးထူထဲလှသည့် ဆံနွယ်လေးများဟာ ဂုတ်လေးဝဲရုံလောက်ရှည်နေပြီး မျက်နှာလေးဟာ ပါးလေးများမို့ဖောင်းတတ်၍ အူယားစရာလေးဖြစ်သည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Nơi câu chuyện tồn tại. Hãy khám phá bây giờ