Part - 38

12.9K 448 11
                                        

အခန်း- ၃၈
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

စုံညီပွဲတော်နေ့ရောက်လာပြီဖြစ်၍ မနက်အစောထဲက သမီးလေးကိုရေချိုးပေးပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ ကျောင်းသို့ခေါ်သွားလိုက်ပါသည်။ ကလေးများစွာကို ဖြီးလိမ်းပြင်ဆင်ပေးဖို့ မိတ်ကပ်ဆရာများပါ ခေါ်ပေးထား၍ အဆင်ပြေလှ၏။ ယခုဆို ဖြီးလိမ်းပြင်ဆင်ပြီးသည့်သမီးက အဖြူအစိမ်းဝမ်းဆက်ကလေးကို လှလှပပလေးဝတ်ထားပြီဖြစ်သည်။

ကြက်တောင်စည်းထားပြီး ဖဲကြိုးအစိမ်းလေးပါ တပ်ထားသည့်သမီးလေးဟာ ပါးမို့မို့ရဲရဲလေးများကြောင့် မျက်နှာလေးလုံးပြီး ဖူး၍နေလေ၏။ ချစ်စရာကောင်းလွန်းလှသည့် မျက်နှာလေးနှင့်အတူ ရင်ဖုံးအင်္ကျီလေးနှင့် ထမိန်အစိမ်းလေးကို ဗိုက်ကလေးပူပူလေးထွက်လျှက် ဝတ်ဆင်ထားလိုက်တော့ ပမာ့မှာ အူယားဖားယားဖြစ်ရလွန်းလို့ ပါးကိုခဏတိုင်း သွားဖိမိပါတော့၏။

"ပွဲစတော့မှာလို့ တီချယ်ကလာပြောသွားပြီမေမေ...အခုထိ ဦးဘုန်းတို့က လာလဲမလာကြသေးဘူး ဟွန်း..."

"လာမှာပေါ့သမီးရဲ့ သမီးဦးဦးတွေက လမ်းတောင်ရောက်ရင်ရောက်နေလောက်ပြီ..."

"မီးပုံ့အလှည့်ထိမရောက်လာရင် ဦးဦးနှစ်ယောက်လုံးကို စိတ်ကောက်ပစ်မှာ..."

"ဟယ်တော်..."

သမီးလေးသည် အပြေးဆု တစ်ဆုနှင့် ပူပေါင်းဖောက်ပွဲမှရသည့် တစ်ဆု ပေါင်း နှစ်ဆုတောင် တတ်ယူရမည်ဖြစ်သည်။ အစ်ကို့ကိုကျောင်းခေါ်သွားသည့်နေ့က ပြိုင်သည့်ပွဲများမှ ဆုရသည်ဖြစ်ကြောင်း ပမာ့ကိုဝမ်းပန်းတသာဖြင့် ပြောပြတုန်းကများဆိုလဲ ပျော်လိုက်တာမှလေ။ စိတ်အားထက်သန်ပြီး ပျော်ပျော်နေတတ်တဲ့သမီးက ယခုလို သွက်လက်နေတော့လဲ ဂုဏ်ယူစရာပဲပေါ့ မဟုတ်ဘူးလား။

အခမ်းအနားစဖွင့်လှစ်ပြီး ကျောင်းအုပ်နှင့် သက်ဆိုင်ရာဆရာများက အမှာစကားပြောကြားသည့်အစီစဉ်ကိုကျော်လွန်၍ ဆုပေးပွဲအခမ်းအနားသို့ရောက်ရှိလာပြီဖြစ်သည်။ အားကစားဆုဟာ နောက်ဆုံးမှပေးမည်ကြောင့် တော်သေးပါသည်။ မဟုတ်လျှင် သမီးဆုတတ်ယူလိုက်သည့်အချိန် သူ့ဦးဦးတွေမရှိပါက ၃ ရက်လောက် စိတ်ကောက်သွားနိုင်ပါသည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Where stories live. Discover now