Part - 42 (End)

22.6K 479 16
                                        

အခန်း- ၄၂
ပထမတွဲ (ဇာတ်သိမ်းပိုင်း)

ပုဆိုးနှင့် ရှပ်အဖြူကို သန့်နေအောင်ဝတ်ထားသည့် သားက မှန်တစ်ချောင်းကိုင်ပြီး ဧည့်ခန်းအထိ ကေကို သ နေလေ၏။ သား၏အပြုံးဟာ ဒေါ်ခင်ထက်၏ဘဝတွင် မြင်ရခဲသည့် အပြုံးမျိုးဖြစ်သည်ကြောင့် သားကိုကြည့်ပြီး ပီတိဖြစ်ရပါသည်။

"အသက်ဝင်လှချည်လားသားရယ်....

"မာမီဘာကြည့်နေတာလဲ"

"သားကိုလေ..."

"ကျွန်တော့ကို... ဘာလို့ကြည့်နေတာလဲဗျ...ထူးဆန်းလို့လား"

"မာမီ့မျက်လုံးထဲတော့ သားဒီနေ့ အတော်လေးထူးဆန်းနေတယ်"

"ကျွန်တော်လဲ ဒီနေ့အပျော်ဆုံးပဲမာမီ...ကျွန်တော့်ဘဝမှာလေ ဒီနေ့လောက်ပျော်ရတဲ့နေ့ မရှိဖူးသေးဘူးထင်တယ်..."

ပြောရင်းဖြင့် ပြုံးနေသည့်သားကိုကြည့်ပြီး ဒေါ်ခင်ထက်ရင်ထဲ ဝမ်းသာရပါသည်။

"ဒီမှာသား...သားရဲ့ မှတ်ပုံတင်ကဒ်"

"အကုန် Ok ပြီလားမာမီ..."

ပါးစပ်ကပြောရင်းဖြင့် ဘုန်းစေ မှတ်ပုံတင်ကဒ်ပြားမှ မွေးသက္ကရာဇ်ကို ကြည့်လိုက်ပါသည်။

"သားအလိုကျ မာမီက ပြောင်းပေးတာနော်...အကြောင်းအရင်းကို အခုထိလဲ မာမီ့ကိုမပြောပြချင်သေးဘူးလားသား..."

"မပြောပြတော့ဘူးမာမီ...ကျွန်တော့မွေးသက္ကရာဇ်အမှန်က 1996 ခုနှစ်ပဲ "

"သားက အဲ့ခုနှစ်ကို အမှန်ဖြစ်စေချင်ရင် ဖြစ်ရမှာပေါ့...သားအလိုကျ မှတ်ပုံတင်ရော အိမ်ထောင်စုဇယားထဲမှာရော တရားဝင်အားလုံး မာမီပြောင်းထားပြီးသား"

မာမီ့ဘေးသို့သွား၍ မာမီ့ပခုံးဆီမေးတင်လိုက်သည့် ဘုန်းစေမှာ တိုးတိုးရေရွတ်လိုက်ပါသည်။

"ကျေးဇူးပါမာမီ..."

မွေးသက္ကရာဇတ်တွေက ကိန်းဂဏန်းတွေပါပဲ ညီမရာ။ ပြင်ပမှာက ညီမက အစ်ကို့ထက်အသက်ကြီးပေမယ့်လည်း အစ်ကိုတို့စတွေ့တဲ့နေ့တုန်းကတည်းက မိတ်ဆက်ခဲ့တာ ကိုယ့်က အသက်ကြီးပါတယ်ဆိုပြီးလေ။ ဒါ့ကြောင့် ဒီလတွေမှာ ညီမဘက်က အစ်ကို့ကိုရိုသေစွာဆက်ဆံခဲ့သလို အစ်ကိုလဲ အကြီးအနေနဲ့ ညီမတို့သားမိအပေါ် အစ်ကိုကြည့်ပေးခဲ့တယ်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora