Season - 2,Part - 11

8.6K 335 31
                                        

အတွဲ ၂၊ အခန်း ၁၁။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"ဟေ့ကောင်ခေါင်လွင် အရေးပေါ်လူနာရောက်နေလို့ မြန်မြန်လာကွ"

ထမင်းခွံ့နေသော ခေါင်လွင့်လက်မှာ လမ်းတစ်ဝက်တွင်ရပ်တန့်၍ ထမင်းဗူးထဲသို့ ဇွန်းကိုပြန်ချလိုက်ပြီးသည်နှင့် ထကာ ပြေးပါတော့သည်။

"ကလေးတစ်ယောက်ပဲ ငါအဲ့ကလေးမလေးကိုသိတယ် မင်းလဲသိတယ် ဟိုတစ်ခါဆိုင်ကယ်အဖမ်းခံရတုန်းက တွေ့တဲ့ကလေးမလေး..."

"အခြေအနေဘယ်လိုလဲ "

"သတိလစ်နေတာကွ "

ဟိုတစ်ခါတွေ့ခဲ့သည့် ကလေးမလေးဆိုသည်နှင့် ခေါင်လွင်တန်းမှတ်မိသည်။ သို့ပေမယ့် ထိုကလေးဆီရောက်သည့်အခါ မှင်သက်မိသည်။ ဝဝကစ်ကစ် ကလေးလေးက ဘာလို့ဒီလောက် ပိန်သွားရတာလဲကွ။ ဖြစ်လာသည့် ဒဏ်ရာများနှင့် ရုပ်အသွင်လေးကြောင့် ခေါင်လွင်ပင် ချက်ချင်းသနားစိတ်ဝင်မိပါသည်။

မိဘတွေဆို ရင်ကွဲကြတော့မှာပဲကွာ...။

စမ်းသပ်စစ်ဆေးပြီးသည့်အခါ ဆေးသွင်း၊ဆေးချိတ်လုပ်ပေးနေသည့်ခေါင်လွင့်ဘေးတွင် ဇေလင်းဟာမခွာတော့ပဲ အချိန်ပြည့်ဘေးမှ လိုက်ကြည့်၏။

"အခုတော့ အခြေအနေငြိမ်ပြီလို့ပြောလို့ရပြီ...ဟူး..."

မီးလေးမျက်နှာကိုကြည့်၍ ခေါင်လွင်က သက်ပြင်းချ၏။

"စလာတုန်းက အခြေအနေမကောင်းဘူးလားကွ..."

"အင်း...အဲ့လိုပြောလို့ရတယ် "

ဇေလင်းလဲ ကလေးကိုကြည့်ရင်းဖြင့် ရင်ထဲမကောင်းပါပေ။

"ခြေထောက်ကရောဟေ့ကောင် သက်သာမှာမလား..."

"အင်း..."

အရိုးကိုမထိထား၍ ကံကောင်းလှပါသည်။ မဟုတ်လျှင် ဒီကလေး စတီးချောင်းထည့်တာဖြစ်ဖြစ်၊ တစ်ခြားကုသနည်းဖြစ်ဖြစ်နှင့်  ဆိုးဝါးသည့်အခြေအနေနှင့် ကြုံတွေ့နေရမည်။ သို့ပေမယ့် လက်ကလေးကတော့ ခွဲစိတ်မှကို ရမည့်အနေအထားဖြစ်နေသည်။

"အင်းကြည့်ပဲ မင်းကလဲ ငါ့လဲ သေချာပြောပါအုံးကွ..."

ဇေလင်း စိုးရိမ်နေမှန်းသိသည်။ သို့ပေမယ့် ခေါင်လွင်နောက်မှ ပြောပြပါမည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora