အခန်း - ၁၅
မေတ္တာဝေဆာ ဆည်းလည်ပမာ🌻
"သူငယ်ချင်းအသစ်တွေရခဲ့လားမေ့သမီး..."
"ရခဲ့တယ်မေမေ ကျောင်းကြီးကပျော်စရာကြီး ဆရာမတွေက အိပ်လဲအိပ်ခိုင်းတယ် ကဗျာတွေလဲ သင်ပေးတယ် မီးပုံ့ကိုလဲချစ်ကြတယ်"
"ဟုတ်လား"
"ဟုတ် ဆရာမတွေက သမီးလေးက ချစ်စရာလေး ချစ်စရာလေးဆိုပြီး ပါးကို ဖိဖိသွားတာမေမေရဲ့"
"ဒါဆိုပျော်ခဲ့တာပေါ့လေ"
"များကြီးပျော်ခဲ့တာ သူငယ်ချင်းတွေနဲ့ဆော့ရတာလဲ ပျော်စရာကြီး မိုက်တယ်..."
"ဟုတ်ပါပြီတော်"
"အခုရော ဘာလုပ်အုံးမလဲ မေမေထမင်းချက်တော့မလို့ သမီးလေးဆော့မလား စာရေးမလား"
"ဟီး မီးပုံ့ TV ကြည့်ချင်တယ်"
ကျောင်းမှရောက်ရောက်ချင်း ရေလဲချိုးပြီးသလို သနပ်ခါးလဲလိမ်းထားသည့်သမီးက ခါတိုင်းလို သူငယ်ချင်းများနှင့်ဆော့မည်မဟုတ်ပဲ TV ကြည့်ချင်သည်တဲ့။
"သားသားတို့နဲ့မဆော့ဘူးလားသမီး...."
ပမာ့ မေးခွန်းအဆုံးတွင် သမီးမျက်နှာလေးက သိသိသာသာကို ညိုးကျသွားလေသည်။ ကလေးချင်း ရန်ဖြစ်ထားကြပြန်ပြီထင်တယ်။
"ဆော့ချင်တာပေါ့ သားသားတို့က မီးပုံ့ကိုမခေါ်ကြဘူးမေမေရဲ့...."
မေမေစိတ်မကောင်းဖြစ်မည်ဆိုး၍ ပုံ့ပုံ့ခေါင်းရမ်းပြလိုက်သည်။
"ဆော့တော့ဘူး TV ပဲ ကြည့်တော့မယ် ဦးဦးထက်ဘုန်းစေကပြောထားတယ် မီးပုံ့ကို ကြောင်နဲ့ကြွက်ပြမယ်တဲ့"
"ညထိတော့မရဘူးနော်သမီး "
"ဟုတ် မီးပုံ့ ခဏပဲကြည့်ပြီးပြန်လာမှာ"
"အွန်းအွန်း ဒါဆိုလဲ သွားသွား"
"ဟုတ်...."
........
"ဦးဦးပျင်းနာလား"
"မပျင်းပါဘူးကွ"
"မီးပုံ့မရှိတော့ ပျင်းနာထင်တာ"
လေသံဟာ ပျင်းနေတာလားဟုမမေးပဲ ပျင်းနာလားဟု အလွယ်အပြောနှင့် သူ့ဘေးထိုင်ပြီးကို မေးနေလေ၏။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
