အတွဲ- ၃၊ အခန်း- ၂၀ (ဇာတ်သိမ်းပိုင်း)
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဒါဘာအသီးလဲသိလား..."
စကားနှင့်မပြော ဟိုကလေးက နေနိုင့်ကို လက်ညိုးထိုးပြသည်။
"ငါ့အသီးမှမဟုတ်ပဲကွ...ပါးစပ်နဲ့ပြော ဒါဘာအသီးလဲ..."
ပုံ့ပုံ့မဖြေပေ။
"တွေ့လား...အစ်ကို့သမီးက တမင်လုပ်နေတာ..."
"သမီးမပြောချင်သေးလို့နေမှာပါ..."
"မဟုတ်ဘူး...စကားပြောနိုင်တာကို မပြောပဲနေနေတာအဲ့တာ...စိတ်ပူနေတဲ့လူကြီးတွေကို ပိုစိတ်ပူအောင်လုပ်နေတာ..."
"နောက်တော့ပြောလာမှာပဲလေကွာ..."
"ဟွန်း..."
သမီးလေး နေပြန်ကောင်းပြီး စကားပြောနိုင်မှန်းအားလုံးသိကြသော်လည်း စကားထပ်မပြောသည့်သမီးကြောင့် အားလုံစိတ်ပူရသည်။ မိဘတွေ စိုးရိမ်နေတာကို သမီးဘာလို့အဲ့လိုလုပ်ရတာလဲ။
"ကိုယ်တိုင်က စကားမပြောဖို့လုပ်ထားပုံရတယ်..."ဆိုသည့် ကိုခေါင်လွင့်စကားကြားတိုင်း ပမာစိတ်တိုမိသည်။ ဘာလို့လဲ စကားပြောစေချင်လွန်းလို့ ရူးတော့မယ့် ပမာ့ကို သမီးဘာလို့ပြန်မကြည့်ရတာလဲ။
"သမီးဘာသာ စကားမပြောဖို့ရွေးချယ်တာဆို မေမေမတားဘူးသမီး...နေ...သမီးစိတ်ကြိုက်သာနေ...မေမေ ဘာမှကို မပြောတော့ဘူး..."
ပုံ့ပုံ့ ထိုင်နေရင်းမှ လက်သည်းများကို ဖဲ့နေလိုက်သည်။ ပုံ့ပုံ့စကားပြောနိုင်နေပေမယ့် အများကြီးပြော၍ မရသေးတာကြောင့် ထုတ်မပြောတာဖြစ်သည်။
"သ...ခ...မ...သီး"
နေနိုင်မျက်လုံးစွေကြည့်ပြီး ပြန်မေးသည်။
"ဘာအသီး..."
"သခ...မသီး...ပါဆို ဦးဦး...နားကန်းနေတာလား..."
"ဟ....ဒါမျိုးကျ စကားမထစ်တော့ဘူးပေါ့...ဟေ့လူ ခင်ဗျားသမီးက လူလည်ပက်ကားဗျ...နားကန်းနေတာလားကျ ပြောလိုက်တာများ တန်းလို့"
"ဟဟား...ကျုပ်သမီးက ငယ်ငယ်ကတည်းက ပြန်ပြောရမယ့်နေရာဆို စကားသွက်ပြီးသား...နေ့ာသမီး..."
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
