Part - 6

15.3K 412 14
                                        

အခန်း- ၆

တရားဝင်ကျောင်းကြီးဖွင့်ရန် နှစ်ပတ်လောက်လိုသေးပေမယ့်လဲ သမီးလေးကို အနီးအနားမှ မူကြိုသို့ ကြို၍ထားထားသည်မှာ နှစ်လတောင်ရှိပြီဖြစ်သည်။ မူကြိုမှာ မန်ကျည်းပင်များဝန်းရံပြီး ​အေးမြသည့် အရိပ်ကလေးများနှင့် အေးဆေးဆော့ကစားနိုင်ရန် စီစဉ်ထားသည်ကြောင့် ပမာထားခြင်းဖြစ်သည်။ အိမ်တွင်နေလျှင် သမီးဆော့ကစားပုံနှင့် အပူရှပ်၍ ဖျားမည်မှာ ခဏတိုင်းကိုဖြစ်နိုင်ပါသည်။

"မေမေမှားထားသလိုပဲ နေရမယ်နော်သမီး"

"ဟုတ်"

မေမေမှ ပြောနေကျစကားများကိုရေရွတ်ပြောဆိုတော့မည့်အချိန်တွင် ပုံ့ပုံ့ကြို၍ စကားဟလိုက်သည်။

"မူကြိုမှာ မဆိုးရဘူး ဆရာမစကားလဲနားထောင်ရမယ် ပြန်ရောက်ရင်လဲ အင်္ကျီလဲပြီး အေးတဲ့နေရာမှာပဲကစားရမယ် အဝေးကြီးမသွားရဘူး လမ်းပေါ်မဆော့ရဘူး ဟုတ်တယ်မလားမေမေ"

ပမာပြုံးပြီး သမီး၏ အင်္ကျီအသစ်လေးကို သေချာစွာဝတ်ပေးလိုက်ပါသည်။

"မေမေလိုက်ပို့မယ်လေ"

"ရပါတယ်မေမေရဲ့ မေမေအလုပ်သွားဖို့အတွက်ပြင်တော့ မီးပုံ့က ထုံးစံအတိုင်း ကလေးတွေနဲ့ပဲသွားလိုက်မယ် နော်..."

"နီးနီးလေးပဲဟာမေမေလိုက်ပို့ပါမယ်"

"မေမေ ရေမချိုးရသေးဘူးလေ နေပါဆို မီးပုံ့က လူကြီးဖြစ်နေပါပြီ မီးပုံ့သွားတတ်နေပြီ"

"ဟောတော့...မေမေ့လက်ကလွတ်တာ အခုမှ နှစ်လထဲရှိသေးတယ် ဒီလိုစကားလေးတွေပြောတတ်နေပြီပေါ့လေ"

"ဟီး...မီးပုံ့က မေမေ့ကို အေးဆေးလေးလုပ်စေချင်လို့ပါ မေမေ့သမီးလေး ဘယ်လောက်တော်လဲ မေမေသိတယ်စမ်းနဲ့ မီးပုံ့တစ်ယောက်ထဲ မျက်လုံးမှိတ်သွားတာင် မူကြိုကို တန်းနေအောင်ရောက်တယ်မေမေရဲ့"

သမီးစကားကြောင့် ပမာရယ်မောမိပြန်သည်။ ပမာ့လက်ထဲတွင် အရင်လို ငွေအမြောက်အများမရှိတော့သည်ကြောင့် ပမာမုန့်ဆိုင်တစ်ခုတွင် အချိန်ပိုင်းဝန်ထမ်းအဖြစ် ဝင်လုပ်နေပြီဖြစ်သည်။ ငွေအမြောက်အများရှိခြင်းဟာလဲ တစ်ခါဖျားစာပဲ ရှိတာပါလေ။ ဆေးရုံတစ်ခါသွား အားလုံးပြုတ်သွားတာပါပဲ။ ပမာ ကြိုးစားပြီး မထိရက်မကိုင်ရက်နှင့် ရှာထားတာတွေလဲ နှစ်ရက် သုံးရက်နဲ့ ကုန်သွားခဲ့တယ်မဟုတ်လား...။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Nơi câu chuyện tồn tại. Hãy khám phá bây giờ