အတွဲ ၂၊ အခန်း ၅။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ရန်ဖြစ်လို့ အစ်ကိုစိတ်မဆိုးဘူးညီမ...အဲ့အမျိုးသမီးက အကျင့်မကောင်းလို့ အစ်ကိုသဘောမကျတာကြာပြီ... ညီမပညာပေးလိုက်လို့ အစ်ကိုကျေနပ်တယ်...ဒါပေမယ့် အစ်ကို့ကိုမစောင့်ပဲ တစ်ယောက်ထဲ ရန်သွားဖြစ်တာတော့ အစ်ကိုစိတ်တိုတယ်..."
"ပမာလဲစိတ်ထိန်းမရလို့ ရုတ်တရက်ဖြစ်သွားတာ အစ်ကိုတို့ကို တကယ် သတိမရတာတော့ ဝန်ခံပါတယ်..."
"ရန်ဖြစ်ပြီဆိုတာနဲ့ ကိုယ်က နိုင်ခြေမြင့်မားတဲ့ ပွဲဖြစ်နေဖို့လိုတယ်...အဲ့တာမှလဲ ရန်ပွဲဆိုတာ စသင့်တာ..."
ရောက်သည်နှင့် ပမာ့ကိုတံခါးပိတ်ပြီး ဖိုးစိတ်တိုဟာ ခါးထောက်၍ ဆူဟောက်နေခြင်းဖြစ်သည်။
"အစ်ကိုတို့သာရှိရင် အဲ့အမျိုးသမီး နေရာမှာတင် တစ်စစီဖြစ်သွားအောင် လုပ်လို့ရတယ်ညီမ...အခုတော့ ညီမနဲ့သမီးပါ အနာတရ ဖြစ်ရပြီ..."
"အစ်ကိုတို့ရှိရင် ပမာဘယ်ရန်သွားစမလဲ...ဒါက မိန်းကလေးတွေကြည့်ဖြစ်တဲ့ရန်ပွဲလေ...ယောက်ျားသားတွေ ဝင်မပါရပါဘူး..."
"တရားလွန်လာတဲ့လူကို ပညာပေးတဲ့နေရာမှာ မိန်းမ ယောက်ျား မခွဲထားဘူးညီမ...အဲ့လူမှတ်လောက်သားလောက်အောင် ပညာပေးနိုင်တဲ့အပေါ်ပဲ မူတည်တယ်...အဲ့အမျိုးသမီးက စကားနဲ့နာအောင်ပြောမရမှတော့ ရိုက်သင့်ရိုက်ရမှာပဲ..."
"အစ်ကိုပြောတာ အိမ်ထောင်ရှင်အမျိုးသားက သူ့ဇနီးကို နှိပ်စက်ရိုက်နှက်နေတာကို အားပေးတဲ့ အနေနဲ့ပြောတာမဟုတ်ဘူးနော်...အဲ့လိုလူက အောက်တန်းကျတဲ့ယောက်ျားသားတွေပဲ ကိုယ့်မိန်းမကို ရိုက်ကြတာ..."
"အခုက ညီမတကယ်လို့ရန်ဖြစ်ရင် အစ်ကိုက အဲ့အမျိုးသမီးကို ချုပ်ထားပေးလို့ရတယ်လေ မဟုတ်ဘူးလား....ဒါဆို ညီမ စိတ်ကြိုက် ကိုယ့်အသားမနာပဲ ရိုက်လို့ရပြီ..."
"ညီမ လူရိုက်တာကို အစ်ကိုက အားပေးမလို့လား..."
"အားပေးတာထက် စိတ်တအားတိုလာလို့ နည်းနည်းပညာပေးတာတော့ ရိုက်လို့ရပါတယ်ကွ...ညီမအကြောင်းအစ်ကိုသိတာပဲ လွန်လွန်ကျူးကျူးနှိပ်စက်မယ့်လူမှ မဟုတ်ပဲ ဒီတော့ အစ်ကို ချုပ်ထားပေးလဲ တရားတယ်လေ..."
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
