အပိုင်း- ၂၂
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ငိုပွဲဆင်ပြီး ပြန်လည်ပျော်ရွှင်လာသည့် မွေးနေ့ရှင်နှင့်အတူ ဘုန်းစေတို့အားလုံး လျှောက်လည်ရင်း ပျော်မြူးနေကြတော့၏။
ကလေးတစ်သိုက်က ထိန်းမရအောင်လဲ ဆော့ကြသလို၊ ဆူလဲ ဆူညံနေပေမယ့် ဘုန်းစေစိတ်ထဲ စိတ်ရှုပ်ခြင်းမျိုး တစိုးတစိတောင်မရှိခဲ့ချေ။ ထို့အစား သူ့စိတ်နှလုံးတွင် မြင်ရသည့်မြင်ကွင်၊ ကြားရသည့်မြင်ကွင်းကြောင့် အလုံးစုံကျေနပ်ပီတိဖြစ်နေရ၏။
"ကဲ လည်သင့်သလောက်လဲ လည်ပြီးပြီဆိုတော့ ပြန်ကြတာပေါ့နော့..."
"ဟုတ်..."
"ဟုတ်ကဲ့..."
"ဟုတ်..."
သံပြိုင်ထွက်လာကြသည့် ကလေးများ၏ အသံက ကစားကွင်းအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည်။
"အကိုဆိုင်ကယ်သွားယူလိုက်အုံးမယ်ညီမ"
"ဟုတ်အကို...."
"သားသားတို့က အိမ်အရင်ပြန်ရောက်မှာပေါ့နော့...မပုံ့ရေ စောင့်နေမယ်နော်"
"အေး ငါရောက်မှ မွေးနေ့ကိတ်စားရမှာနော် မစောင့်ရင်လဲ ငတ်ပေါ့...."
"သမီးအဲ့လိုမပြောရဘူးလေ"
ကားစထွက်နေသည်ကို လှမ်းအော်ပြောဖြစ်အောင်ပြောကြလေသည်။
"မီးပုံ့ဘာပြောလို့လဲ"
"ငတ်ပေါ့ဆိုတာက အပြောမှားရင် ရိုင်းတယ်လို့ယူဆလို့ရတယ်သမီးရဲ့ ငါ့ကိုမစောင့်ရင် နင်မစားရဘူးပေါ့လို့ ပြောလို့ရတာပဲလေ မဟုတ်ဘူးလား..."
"တူတူပဲ မဟုတ်ဘူးလားမေမေ"
"လာ...ထိုင်ပါအုံးသမီးရဲ့..."
လမ်းဘေးရှိ ပလက်ဖောင်းပေါ်သို့ ပမာထိိုင်လိုက်ပြီး ပေါင်ပေါ်သို့သမီးကို ထိုင်ခိုင်းလိုက်သည်။
"သမီးဆီကို လူကြီးတစ်ယောက်က သူထမင်းမစားရသေးတာကြာပြီမလို့ ထမင်းကျွေးပါလားလို့ခွင့်တောင်းရင် သမီးကျွေးမှာလား"
"ဟုတ် ကျွေးမှာပေါ့"
"ဒါဆို သမီးက ပြန်မေးတယ်ပဲထား....ဘာလို့ထမင်းမစားရသေးတာလဲပေါ့ကွယ်...အဲ့လိုမမေးပဲ ဘာလို့ ငတ်လာတာလဲ လို့သွားမေးရင် တစ်ဖက်လူကို ဝမ်းနည်းသွားစေတယ်သမီးရဲ့...တကယ်လို့ လေသံမာသွားရင် နှိမ်ပြီးပြောတယ်လို့ပါ ထင်သွားနိုင်တယ်..."
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
