အခန်း- ၃၂
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ဆောင်းတွင်း၏ အအေးဓာတ်ကြောင့် သမီးလေးဟာ စောင်ပုံထဲ၌သာခွေ၍ ဇိမ်ခံနေသည်မှာ မနက် ၈ နာရီတောင်ရှိပြီဖြစ်သည်။ အရင်နေ့များကဆိုလျှင် ပုံမှန် ၆ နာရီလောက်ဆိုထပြီး လုပ်စရာရှိတာတွေလုပ်နေတတ်သည့်သမီးက ယခုတော့ အပျင်းကြီးလေးဖြစ်ပြီ ထင်ပါသည်။
"မေမေ..."
"နိုးပြီလားသမီး"
"မီးပုံ့နိုးတာကြာပြီ ကျောင်းလဲပိတ်တော့လေ စည်းစိမ်ဆိုတာ စံထိုက်မှ စံရတာလို့ကြားဖူးလို့ မီးပုံ့က ထပ်အိပ်နေတာ"
"ဟယ်တော် သမီးကို အဲ့တာဘယ်သူပြောတာတုန်း"
"ဟီး..တီအေးလှိုင်တို့ပြောတာကြားလာတာ"
"အဲ့တော့ အိပ်ပြီးစည်းစိမ်ခံနေတာပေါ့လေ ဟုတ်လားသမီး"
"ဟီး...ဟုတ်"
သွားမတိုက်၊ မျက်နှာမသစ်ရသေးပဲ ပမာ့ကိုလာဖက်နေသည့်သမီးကိုယ်လေးကို ပမာဆွဲခွာလိုက်သည်။
"နောက်ဆိုအိပ်ရာနိုးရင် တန်းထရတယ်သမီးရဲ့ အိပ်ရာထဲမှာဟိုလှိမ့်ဒီလှိမ့်နဲ့မနေရဘူး...မေမေ့အမြင်တော့ သမီးစည်းစိမ်ခံနေတယ်လို့မမြင်ဘူး အပျင်းကြီးနေတယ်လို့ပဲမြင်တယ်"
"မှုတ်ပါဘူးမေမေကလဲ"
"ဒါဆိုနောက်ရက် နိုးရင်တန်းထရမယ်သမီး...အလေ့အကျင့်ကောင်းဆိုတာ သမီးအမြဲလိုက်နာဖို့လိုတယ်"
ဆူလိုက်သည်ကြောင့် သမီးကလက်နှစ်ဖက်ကိုလိမ်၍ မျက်နှာလေးငုံ့ထားရှာသည်။
"မအိပ်ရဘူးလို့မေမေ မပြောပါဘူး သမီးလေးအိပ်ချင်စိတ်ရှိရင် နေ့လည်ထိရောက်အောင်အိပ်လဲ မေမေခွင့်ပြုတယ်...ဟိုစကားကြောင့် အိပ်ရာထဲမှာ တမင်စည်စိမ်ခံနေတယ်ဆိုတာကြီးကတော့ မဟုတ်သေးဘူး"
"လူကြီးတွေပြောတိုင်းလဲ လိုက်မလုပ်ရဘူး...စကားဆိုတာ မှန်တာတွေလဲရှိတယ်မှားတာတွေလဲရှိတယ် လူကြီးတွေပြောတိုင်း မှန်တဲ့အရာရယ်လို့ မသတ်မှတ်ထားနဲ့သမီး..."
"ဟုတ်"
"မအေးလှိုင်ပြောတဲ့စကားပုံက မှန်ပါတယ် ဒါပေမယ့် သမီးလိုအရွယ်လေးက လိုက်အတုခိုးရမယ့်အရွယ်မဟုတ်သေးဘူး..."
STAI LEGGENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Storie d'amoreမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
