အပိုင်း - ၂၀
မေတ္တာဝေဆာ ဆည်းလည်းပမာ 🌻
၇ လပိုင်း ၈ ရက်နေ့ ပုံ့ပုံ့လေး၏မွေးနေ့တွင်။
အပြာနုရောင်အင်္ကျီနှင့် နက်ပြာကွက်ပုဆိုးကိုဝတ်ကာ တစ်ဖက်အိမ်သို့ကြည့်၍ ထလိုက်ထိုင်လိုက်နှင့် ဖင်တကြွကြွဖြစ်နေ၏။ ဤနေ့တွင် မွေးနေ့ရှင်ထက် ပိုရင်ခုန်ပြီး ပိုပျော်နေသူမှာ ဘုန်းစေသာရှိတော့မည်။ ယခုလဲ ဘုန်းကြီးကျောင်းဆွမ်းသွားပို့မည့်သားမိနှင့် အတူလိုက်ချင်သည်ကြောင့် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။
သမီးလေးကို ငှက်ပျောညွှန့်ရောင် ထဘီလေးနှင့်အင်္ကျီဝမ်းဆက်လေးဝတ်ပေးပြီး ကြက်တောင်စီးလေး စည်းပေးထားသည်။ ဖြူဖွေးသည့်အသားအရည်လေးနှင့် သမီးက ထိုအင်္ကျီလေးနှင့်အတော်လေးလိုက်ဖက်ပါ၏။ ပါးဖောင်းဖောင်းလေးထက်တွင် သနပ်ခါးလေးလိမ်းပေးထားသည်ကြောင့် ဝါဝင်း၍ ကြည့်လိုက်တိုင်းရင်အေးသွားစေသည်အထိ သမီးလေးမျက်နှာလေးက ကြည်လင်၍နေသည်။
"မေမေ မီးပုံ့ဘာကိုင်ခဲ့ရမလဲ"
"သမီးက ဒီအသီးအိတ်လေးကိုင်ခဲ့နော်...ရလားသမီး ဘုန်းကြီးကျောင်းထိ သမီးဒါလေးသယ်နိုင်လား..."
"ဟုတ်မေမေ မီးပုံ့နိုင်တယ်"
"ဒါက ဘုန်းဘုန်းတွေကို ကပ်ရမှာသမီးရဲ့ အောက်ကိုပြုတ်ကျလို့မဖြစ်ဘူး သမီးမနိုင်ရင် မနိုင်ဘူးလို့မေမေ့ကိုအမှန်တိုင်းပြောရမယ်နော် လွှတ်ချလို့မရဘူး..."
"ဟုတ်....မီးပုံ့ရတယ်"
သမီးလက်ထဲသို့ ပန်းသီးအိတ်ကလေးထည့်ပေးပြီး ပမာက ဆွမ်းချိုင့်ကိုကိုင်၍ အိမ်ပေါ်မှ ဆင်းခဲ့ကြသည်။
"ထွက်လာပြီ ထွက်လာပြီကွ..."
ဖိနပ်ကိုအမြန်ပင်စီးကာ ပမာတို့ခြံရှေ့ရောက်လောက်မည့်အချိန်နှင့် ကွက်တိကျလောက်မည့်ခြေလှမ်းဖြင့် ဘုန်းစေလဲ အိမ်ပြင်ထွက်ခဲ့၏။
"အကိုဘယ်သွားမလို့လဲ"
"အော်ညီမ...အကိုဈေးဆိုင်သွားမလို့ ညီမတို့ရော"
"သမီးလေးမွေးနေ့ဆိုတော့ ဘုန်းကြီးကျောင်းဆွမ်းသွားပို့မလို့အကို"
BẠN ĐANG ĐỌC
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Lãng mạnမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
