အခန်း - ၁၆
မေတ္တာဝေဆာ ဆည်းလည်ပမာ 🌻
"ဟိုကောင်ရော...ဘယ်မှာတုန်း...."
မေးလဲမေးလိုက်သလို အပင်ပေါ်လဲ မော့ကြည့်လိုက်သည်။
"မီးပုံ့ဒီပေါ်မှာဦးဦး အဟင့်အဟင့်...."
မန်ကျည်းပင်၏ ထိပ်ဖျားတွင် အပင်ခွကိုခွထိုင်ကာ လက်သီးဆုပ်လောက်သာရှိသည့် ပင်စည်၏ထိပ်ဖျားအရိုးကို ဖက်ထားပြီး ငိုနေသည့် ငလက်မကိုတွေ့လိုက်ရ၏။
"မဆင်းတတ်တော့ဘူး အဟင့်အဟင့် တတ်တုန်းကအနိမ့်လေး အခုက် အမြင့်ကြီးပဲ အီး...."
နေပူပူနေ့လည်ခင်းတွင် ရင်ပူရသည့်ကိစ္စတစ်ခုကြုံတွေ့နေရလေ၏။
မန်ကျည်းပင်ပေါ်တွင် မန်ကျည်းကိုင်းကိုဖက်၍ ငိုနေသည့်ကလေးတစ်ယောက်၊ ထိုကလေးကိုမော့ကြည့်၍ လိုက်ငိုသည့်ကလေးကငို၊ အော်သည့်ကလေးက အော်နှင့် ဗြောင်းဆန်နေတော့သည်။ ရပ်ကွက်ထဲမှ လူတစ်ချို့ကလဲ ထွက်ကြည့်ထွက်ကြည့်နှင့် တဖြေးဖြေး အနားသို့ရောက်လာကြတော့၏။
"ဟယ် အကို လှေကားကြီးဘာလုပ်မလို့လဲ"
"အော်...ညီမ"
လမ်းလေးခွတွင် အလျင်လိုစွာဖြင့် လှေကားကိုထမ်းလာသော်လည်း ပမာ့အမေးကြောင့် ရပ်တန့်သွားရ၏။
"အကိုအမြင့်တတ်စရာရှိလို့လား"
"မဟုတ်ပါဘူး ဟို..."
"ပုံ့ပုံ့လေ အပင်ပေါ်ကနေမဆင်းတတ်တော့လို့ လှေကားသွားယူလာတာတီလေးရဲ့ "
"ဘယ်လို သမီးလား"
"ဟုတ် မန်းကျည်းပင်ထိပ်ဖျားကိုတတ်ပြီး ပြန်မဆင်းတတ်တော့လို့ လှေခါးနဲ့ပြန်ဆင်းခိုင်းမလို့တီလေး အဲ့တာ သားလိုက်ငှားပေးတာ"
"လာလာသွားရအောင်လို့ ဟိုရောက်မှပြောကြတာပေါ့...ပုံ့ပုံ့လေးက အပင်ပေါ်မှာညီမရဲ့ ကြာသွားရင်ကလေးအတွက်မကောင်းဘူး"
သမီးဇောကြောင့် ပမာ့ခြေလှမ်းများဟာ ဘယ်လိုလှမ်းလိုက်မိမှန်းမသိ အကိုထက်တို့တောင်နောက်တွင်ကျန်ခဲ့လေတော့၏။ ကလေးများနှင့် မအေးလှိုင်တို့စုနေကြသည့်နေရာသို့ ရောက်ပြီး အပေါ်သို့မော့ကြည့်လိုက်ရာ သမီးကိုတွေ့လိုက်ရသည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
