အခန်း - ၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ပမာရေ...ပမာ"
"ရှိတယ်မအေးလှိုင် အိမ်ပေါ်တတ်ခဲ့လေ"
ခေါက်ဆွဲကြော်အိုးကို ပလက်ဖြုတ်၍ ပမာအိမ်ရှေ့သို့ထွက်ခဲ့၏။
"ဘာပြောစရာရှိလို့လဲမအေးလှိုင်ရဲ့"
"အော် ထွေထွေထူးထူးမဟုတ်ပါဘူး ရှေ့အိမ်ကို လူပြောင်းလာတာ ပမာသိတယ်မဟုတ်လား"
"သိတယ်အစ်မ"
"အဲ့တာ ဒို့တွေသွားမိတ်ဆက်ရအောင်လို့ ဝါဝါ့ပါခေါ်လာတာ အတူသွားရအောင်လို့လေ"
"ပမာကြားတာ ယောက်ျားသားတစ်ယောက်ထဲဆိုအစ်မ"
"ဟုတ််တယ်"
"ဒါဆိုမလိုက်တော့ဘူးမအေးလှိုင် ယောက်ျားသားတစ်ယောက်ထဲရှိတဲ့အိမ်ဆိုတော့ ပမာမလိုက်ဘူး"
"ဟော အဲ့လိုတော့မလုပ်နဲ့လေဟယ် နောက်ဆိုအိမ်နီးချင်းတွေဖြစ်ကြတော့မှာကို မမြင်ချင်လဲမြင်ရမှာပဲ အချင်းချင်း ဖေးမကူညီဖော်လဲရတာပေါ့ပမာရဲ့"
သူစိမ်းယောက်ျားသားတစ်ယောက်ကို ဖေးမကူညီဖော်အဖြစ် အားကိုးမည့်ထဲ ပမာမပါပေ။ ယောက်ျားဆို ပမာဘယ်သူ့ကိုမှကို မယုံသည်ဆိုပိုမှန်မည်။ မအေးလှိုင်ရဲ့ ခင်ပွန်းကိုတောင် အမြင်ကြည်သည်မဟုတ်။ တအားကိုမှ မုန်းသည့်ထဲတွင် ထိုလူပါသည်။ ဒါကို အိမ်ဘေးမှာ ယောက်ျားသားက ထပ်ရောက်အုံးမယ်ဆိုတော့ကား...။
"တော်ပါပြီ မလိုက်တော့ဘူးအစ်မ ပမာဟင်းချက်ရအုံးမှာ မဝါနဲ့ပဲသွားလိုက်ပါ"
"လာပါပမာရယ် မကောင်းဘူးလေ"
ပမာဆက်ငြင်းပေမယ့်လဲ မအေးလှိုင်နှင့်မဝါ၏ ပြောစကားများကြောင့် ပမာအတူလိုက်သွားရတော့၏။ တစ်ထပ်တိုက်အိမ်ကလေးဟာ လူမနေသည့်အခါ အထီးကျန်ဆန်ဆန်နှင့်ရှိနေပြီး ယခုအခါ အနည်းငယ်စိုပြေ၍ နေချင်စဖွယ်လေးဖြစ်နေသည်ကို ပမာသတိထားမိသည်။
"မောင်လေးရေ ငါ့မောင်ရေ...လူရှိလား.."
"လာပြီဗျ"
ဘုန်းစေအခန်းထဲမှထွက်၍ သွားကြည့်သည့်အခါ ဦးစွာမြင်ရသည်က အရပ်ပုပုနှင့် ၄၀ ကျော်အမျိုးသမီးတစ်ယောက်ဖြစ်နေ၏။ ထိုဘေးတွင် နောက်တစ်ယောက်ပါပြီး နောက်တွင်လဲ နောက်တစ်ယောက်ထပ်ရှိနေသေးသည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
