အတွဲ -၂ ၊အခန်း- ၂
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
သမီးကိုမြင်သည့်အခါ ပမာ့ရင်ထဲမှ အပူလုံးကြီးဟာ အနည်းငယ်တော့ လျှော့ကျသွားရပေမယ့်လဲ စိတ်ဒုန်းဒုန်းချ၍ စိတ်အေးသွားခြင်းမျိုးမဟုတ်ပါပေ။
"သမီး..."
သမီးလေးကို ပြေးဖက်လိုက်တော့ ပမာ့မျက်လုံးအိမ်မှ မျက်ရည်ပူတစ်ချို့ စီးကျသွားလေ၏။ သမီးနှင့်ပတ်သက်လျှင် ယခုအထိ ပမာ့အသဲဟာ နုနုလေးဖြစ်သည်။
"မေမေ့..."
"သမီးဘာဖြစ်သွားသေးလဲ ခိုက်မိသေးလားသမီး..."
မေမေ့ကိုကြည့်ရသည်မှာ ပုံ့ပုံ့ကိုတအားစိတ်ပူနေသည်နှင့် တူသည်။ ဒါ့ကြောင့် လက်ပိုက်ထားသော လက်ကိုဖြည်ရလိုက်ပြီး...။
"ခိုက်မိဘူးမေမေ"
"ကလေးတွေကွာ...ဘယ်သွားကြတာလဲကွ...ဒီလောက်မိုးချုပ်တဲ့အထိ မင်းတို့ အတော်လေးကိုမွှေကြတာပဲ"
"သားတို့ကဇီးသီးသွားကောက်တာ"
သမီးမျက်နှာလေးကိုကိုင်၍ ဆံပင်လေးများကို ဆပ်ပေးလိုက်ပြီး သမီးခန္ဓာကိုယ်အနှံ့ပမာကြည့်ရသည်။ ဓာတ်မီး မီးရောင်များကြားမှ သမီး၏အင်္ကျီလေးဟာ ပေတူးနေပြီး လက်တွင် ကျွတ်ကျွတ်အိတ်အလွတ်ကြီးကိုချိတ်၍ ခြေထောက်ကလဲ ထော့နဲ့ထော့နဲ့နှင့်မို့ သမီးကိုမြင်လိုက်သည်နှင့် ပမာ့ရင်ထဲ မွန်းကျပ်သွားရပြန်သည်။
ကျန်သည့်မိဘများဟာ ကလေးများကို ဆူသည့်လူကဆူ ရိုက်သည့်လူကရိုက်နှင့် ဆူညံပွက်လောရိုက်လေနေ၏။
"တောထဲ ဇီးသီးသွားကောက်တာတကယ်လားသမီး..."
ပုံ့ပုံ့မဖြေချင်၍ မေမေ့ကိုကြည့်လိုက်၊ ဖေဖေ့ကိုကြည့်၊ ဦးဦးကိုကြည့်လိုက်နှင့် လိုက်ကြည့်ပြီး ခေါင်းငုံ့လိုက်ပါသည်။ ထိုအခါ ပုံ့ပုံ့လက်ကိုဖြေချခဲ့ပြီး ထွက်သွားသည့်မေမေ့ကြောင့် မေမေစိတ်ဆိုးသွားမှန်းသိလိုက်သည်။
"မေမေ့...အဟင့်ဟင့်...မေမေ့..."
"အီး...နောက်မလုပ်တော့ပါဘူး...မေမေ့..."
ပုံ့ပုံ့ငိုရင်း နောက်မှ ပြေးလိုက်သော်လည်း မေမေဟာ နောက်လှည့်မကြည့်ခဲ့ပါပေ။ မေမေ တအားစိတ်ဆိုးသွားပြီပဲ။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
