အခန်း - ၂၈
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ဒီရက်များတွင် ပမာစိတ်ရောလူရော ပင်ပန်းလှပါသည်။ ခေါက်ဆွဲကျော်ဆိုင်အဆင်ပြေပါ့မလား၊ ဖွင့်ပြီးပြန်လျှင်လဲ ဝယ်သူရှိပါ့မလား၊ အရင်းတွေရင်းပြီးမှ အဆင်မပြေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် ပမာ့အတွေးများဟာ အနှုတ်ဘက်ကိုသာ ဦးတည်၍ စိုးရိမ်ပူပန်နေရသည်။
အလုပ်နှင့်ပတ်သက်လျှင်လဲ အကိုထက်ကိုကြည့်လွှတ်ထားရန်မှာလဲ အားနာသည်ကြောင့် ပမာလိုက်ကူပေးဖြစ်သည်။ အချိန်တိုလေးအတွင်း ဆိုင်အလှအပကို ဦးတည်ဆောင်ရွက်ရသည်မှာလဲ လွယ်တော့မလွယ်ပေ။ ထို့အပြင် ဝယ်ထည့်ရသည့်ပစ္စည်းများလဲ များလှသည်။
ပိုက်ဆံကုန်ပါများလာလျှင် ပမာ့စိတ်မှာ ပူပန်နေရပြီး လူပါ ပင်ပန်းလာရတော့၏။
အိပ်ရာထဲရောက်နေသည့် ပမာတို့သားမိနှစ်ယောက်မှာ သမီးက စာအုပ်လေးထောင်၍ စာတွေလျှောက်ဖတ်နေလေသည်။
"မေမေဖျားနေတာလားဟင်"
"မဖျားပါဘူးသမီးရဲ့ မေမေမိုးမိလာလို့နှာလေးပဲစေးတာ "
"မေမေဆေးသောက်မလားဟင် မီးပုံ့သွားဝယ်ပေးမယ်လေ"
"မသွားတော့နဲ့သမီး မိုးအေးတယ် မှောင်လဲမှောင်နေပြီ"
"မီးပုံ့သွားရဲပါတယ်မေမေရဲ့ မဟုတ်လဲ ဦးဦးကိုခေါ်သွားမယ်လေ"
"သမီးလေးကို မေမေက စိတ်မချလို့ ပြီးတော့ဦးဦးကိုနေရာတကာကြီး အားမကိုးရဘူးသမီးရဲ့..."
"ဘာဖြစ်လို့လဲဟင်မေမေ"
"လူဆိုတာ ပြောင်းလဲတတ်ကြတယ်လေ... သမီးကြည့် တီအေးလှိုင်တို့ဆို မေမေတို့ကိုမခေါ်တော့ဘူးလေ တွေ့တယ်မလား"
"ဟုတ်တွေ့တယ် မီးပုံ့ကိုလဲမခေါ်ဘူး"
"အဲ့တာပြောတာ လူဆိုတာ တစ်ယောက်ထဲနေတတ်အောင်ကြိုးစားရတယ် မေမေတို့က သားမိနှစ်ယောက်ဆိုတော့ မေမေတို့နှစ်ယောက်ထဲပဲ နေတတ်အောင်ကြိုးစားရမှာ..".
"ဟုတ်"
"မအေးလှိုင်တို့က ရုတ်တရက်ကြီးမခေါ်ကြတော့ မေမေ့စိတ်ထဲနေလို့မကောင်းဘူး"
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
